【 ၅၅ 】- ထွက်မပြေးရပါဘူး။

102 19 1
                                    

၅၅။ ထွက်မပြေးရပါဘူး။

“ ရှဲ့-ကော၊ ကော အခု ကျွန်တော့်ကို သတ်ချင်လောက်အောင် မုန်းနေရတယ်၊ မဟုတ်လား? ”
 
“ မင်းကို သတ်ရမယ်? ”

ရှဲ့ချင်းချန်က သွားကြားထဲမှသည် တစ်လုံးချင်းစီ ပီပီသသ ဆိုလိုက်ပေလေ၏:“ မင်းက တုံး‌တော့ မတုံးဘူးပဲ၊ အဲ့ဒါကြောင့်ပဲ ထွက်ပြေးသွားခဲ့တာမလား? ”

အကြင်သူဟာ သို့နှယ် ဆိုလာလိမ့်မည်ဟု ဟော့ယွီ မထင်ထားမိလေခဲ့။ မတိုင်ခင်လေးကမှ ပြန်လည်ပြင်ဆင်လာခဲ့ရသော တည်ငြိမ်အေးဆေးမှုနှင့် တင်းမာခက်ထန်မှုတို့တွင် ရုတ်ချည်းဆိုသလို အက်ကြောင်း ထင်သွားရလေကာ၊ အောက်ဘက်ရှိ လူငယ်လေး၏ ဘေးကျပ်နံကျပ် ဖြစ်နေရပုံကို ထုတ်ဖော်ပြလိုက်လျက်သား။
  
ကောင်ကလေးမှာ တဒင်္ဂတွင်းချင်းတွင်ပင် မရယ်နိုင်ရှာတော့ဘဲ၊ မျက်နှာအသွေးအရောင်ဟာ ဖြူဆုတ်သွားရပြီး:“ ကျွန်တော် ထွက်မပြေးခဲ့ပါဘူး! ”

“ မင်းက ထွက်မပြေးခဲ့ဘူး? ”

“ ......အဲ့ဒါက ကျွန်တော် ထွက်ပြေးတာ မဟုတ်ဘူး၊ ကျွန်တော်က ဒီတိုင်း......ကျွန်တော်...... ”
 
“ မင်းက ဒီတိုင်း? ” ရှဲ့ချင်းချန်က မျက်လုံးများကို မှေးကျဉ်းလိုက်ကာ၊ ခြေတစ်လှမ်း အရွေ့တိုင်းတွင် ဟော့ယွီကို ချောင်ပိတ်လာရလျက်သား။
  
“ မင်းက ဒီတိုင်း မနက်က ခပ်စောစော နိုးလာလို့ ဘောင်းဘီ ဝတ်ပြီးသွားတော့ အားမာန်တွေ တက်ကြွနေသလို ခံစားရပြီး၊ အပြင်ဘက်မှာ ရာသီဥတု သာယာနေတာကို ကြည့်ရင်း ကိုယ်လက်နှလုံး ပေါ့ပါးအောင် ကျန်းမာရေးအတွက် မနက်ခင်းပိုင်းလေး တစ်ပတ်လောက် ပတ်ပြေးလိုက်ရင် ကောင်းမယ်လို့ တွေးမိလို့ မနေ့က အရှုပ်တွေဆီကနေ စိတ်အနှောင့်အ‌ယှက် အပေးမခံချင်တာနဲ့ မင့်ဖေရဲ့ ဖုန်းကိုရော၊ ဝေးရှင့်ကိုပါ ဘလော့ထားလိုက်ပြီးတော့ အဲ့ဒီနောက်ကျ အရာရာ အိုကေစိုပြည်သွားပြီလို့ ‌တွေးပြီး မင်း ပေးရမဲ့ ဘေလ်ကို ရှင်းဖို့တောင် အမေ့မေ့အလျော့လျော့နဲ့ အခန်းထဲကနေ ပျော်ပျော်ကြီး တန်းထွက်သွားလိုက်မိရုံတင်လေ၊ ဟုတ်တယ်မလား ”
 
“ ...... ” ဟော့ယွီ၏ မျက်နှာအသွေးအရောင်ဟာ ပို၍ အကျည်းတန်လာရလေသည်မှာ အဆိပ်မိထားသည့်နှယ်။
  
“ မင်းက တကယ်ကို အမှိုက်ကောင်ပဲ ဟော့ယွီ၊ အမှား လုပ်ပြီးတာနဲ့ ထွက်ပြေးဖို့ပဲ တတ်တဲ့ အမှိုက်ကောင် ”

ဆေးမှတ်တမ်းချုပ် ( ၂ )जहाँ कहानियाँ रहती हैं। अभी खोजें