【 ၆၁ 】- မှုန်မှိုင်းခြင်း။

274 36 10
                                    

၆၁။ မှုန်မှိုင်းခြင်း။

၎င်းမှာ ဟုကျိုးဆေးတက္ကသိုလ်ကို တိုက်ရိုက် မန်းရှင်းခေါ်၍ ရှဲ့ချင်းချန်ကို ရာထူးမှ နှုတ်ထွက်ရန် ဖိအားပေးထားသည့် ပို့စ် တစ်ခု ဖြစ်ပေ၏။

ဟော့ယွီသည် တစ်ချက်မျှ အာရုံစိုက် ဖတ်ကြည့်လိုက်မိရပါ၏။

ရုပ်သံလွှင့် မျှော်စင်မှ ဖြစ်ရပ် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့ရပြီးနောက် မျက်စိဒေါက်ထောက် ကြည့်ခံနေကြရသည်မှာ ရှဲ့ချင်းချန်နှင့် သူ့နံဘေးရှိ လူများတင်သာ မကတော့ပါပေ။

ဆူပူအုံကြွနေသော လူထုကြီးမှ ကြဉ်းဆောင်လာသော ဖိအားများကား တစ်ခါတစ်ရံတွင် အလုံးအရင်းနှင့် ပုံကျလာတတ်ပေကာ၊ ဟုကျိုးဆေးတက္ကသိုလ်သည်ပင် အဖျားခတ်ခံခဲ့ရပေ၏။

လူထုဟာ တရစပ် လက်ရေးစာများ ရေးသားကြ၊ အွန်လိုင်းပေါ်တွင် ပို့စ်များ တင်ကြ၊ သက်ဆိုင်ရာ ဌာနကို ရှာ၍ တိုင်ကြားကြ၊ ဟုကျိုးဆေးတက္ကသိုလ်တွင် ဤသို့သော ပါမောက္ခမျိုးကို အလုပ်ခန့်အပ်ထားသည့် အပေါ် မေးခွန်းထုတ်ကြနှင့် ရှိနေခဲ့ပေ၏။ ရှဲ့ချင်းချန်နှင့် အနှီ ဒုစရိုက် အင်အားစုများတွင် ဆက်နွှယ်မှု ရှိနေနိုင်၊ မရှိနေနိုင် မေးခွန်းများနှင့် ချင်စီယန်ကို အကြင်သူ ထေ့ငေါ့ခဲ့သည့် အချက်နှင့်ပင် ချင်စီယန်၏ မိခင်ကျောင်းတော်ကြီးတွင် သင်ကြားရေး ရာထူး တစ်စုံတစ်ရာ မရရှိထားအပ်တော့ကြောင်း ငြင်းခုန်မှုများကို ဆိုလျှင် ထည့်ပင် ပြောမနေပါလေနှင့်တော့။

ဤ ပို့စ်ဟာ လိုက်ခ်၊ မှတ်ချက်နှင့် မျှဝေထားမှုများ အလွန်တရာ များပြားလှသော ပို့စ် ဖြစ်ပြီး၊ အခြားသော ကပေါက်တိကချာ ပို့စ် အများအပြားလည်း ရှိသေးပေ၏။

ဟော့ယွီဟာ မထုံတက်သေးဖြင့် ဖတ်ရှုနေဖြစ်ခဲ့ရင်း " ရှဲ့ချင်းချန်တစ်ယောက် သူ့အတတ်နဲ့ သူ စူးတာပဲ၊ နည်းတောင် နည်းသေးတယ် " ဟု တွေးနေမိခဲ့ပါလေ၏။

အဘယ်သူကများ ရှဲ့ချင်းချန်ကို ယင်းသို့နှယ် အစာအနာ ကင်းမဲ့သည့် စကားများ ပြောခိုင်းခဲ့၍ပါနည်း?

ဆေးမှတ်တမ်းချုပ် ( ၂ )Where stories live. Discover now