【 ၆၄ 】- ဒါပေမဲ့လည်း ပူလောင်လွန်းနေခဲ့တယ်။

236 33 3
                                    

၆၄။ ဒါပေမဲ့လည်း ပူလောင်လွန်းနေခဲ့တယ်။

ဤ အဝတ်လဲသည့် နေရာကား အလွန်တရာ ကျဉ်းမြောင်းပြီး၊ အရပ် 180cm နှင့် အထက် ရှိကြသည့် အရွယ်ရောက်ပြီးသား ယောကျ်ားသား နှစ်ယောက် အတင်းအကျပ် တိုးဝင်နေကြခိုက်မူ ကျပ်သိပ်နေသလို ခံစားရစေမည်မှာ မလွဲမသေ။ တစ်ဦးက ရှူထုတ်လိုက်သည့် အသက်ရှူငွေ့နွေးနွေးတို့ကို ကျန်တစ်ဦးက တဒင်္ဂတွင်းချင်း ရှူသွင်းလိုက်နိုင်တော့မယောင်။

မတိုင်ခင်မှ ဆိုးဆိုးရွားရွား ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီးနောက် ရှဲ့ချင်းချန်အဖို့ ဤ စိတ်မမှန်သော အကောင်နှင့် ဤသို့နှယ် အလုံပိတ်ထားသည့် အခြေအနေထဲတွင် အတူတူ ရှိနေဖို့ရာ အဘယ်မှာများ ဆန္ဒရှိနိုင်ပါအံ့။ သူဟာ ဟော့ယွီ၏ လက်ကို အားဖြင့် ရုန်းဖယ်လိုက်ရင်း၊ မျက်ဝန်းအစုံဟာ မီးဝင်းဝင်းတောက်နေခဲ့ရလျက်သားဖြင့် အသံကို နှိမ့်၍ ဆိုလိုက်ပါ၏: “ မင်း ဖယ်စမ်း ”

ဟော့ယွီက သူ့ကို လွှတ်ပေးလိုက်ပြီး၊ မျက်လွှာချကာ အပြုံးဖွဖွဖြင့်: “ ဘာလို့ လေမမှုတ်တော့တာလဲ၊ မှုတ်လေ၊ ကျွန်တော် ဒီကနေ ကြည့်နေမယ် ”

“ ဖယ် ”

“ အဲ့လောက် အလျင်လိုဖို့ မလိုပါဘူး၊ ခင်ဗျား ကြည့်၊ ခင်ဗျား ဆံပင်တွေ စိုနေရသေးတုန်းပဲကို ” ဟော့ယွီက လက်ကို တစ်ဖန် မြှောက်၍ လက်ဖျားလေးများဖြင့် ရှဲ့ချင်းချန်၏ ရေတစက်စက် ကျနေသေးသည့် ဆံချောင်းလေးများကို ထိုးဖွလိုက်သည့်တိုင် ရှဲ့ချင်းချန်ထံမှသည် ခါထုတ်ခံလိုက်ရစွာ။

သူက ၎င်းကို မမှုလေသည်မှာ မျက်တောင်လေးများပင် တစ်ချက်မျှ လှုပ်ခတ်မသွားခဲ့ရ။ လက်ချောင်းထိပ်လေးများဟာ ပွင့်ဟနေသည့် ရှပ်အင်္ကျီ အောက်သို့ ဆက်လျှောဆင်းသွားခဲ့ရလျက် ရှဲ့ချင်းချန်၏ ကျဉ်သွယ်သွယ် ခါးစောင်းလေးထက်သို့ ထိတွေ့လိုက်ပါလေ၏။

လျှပ်စစ်လျှော့တိုက်ခံလိုက်ရသလို ပျော့ခွေထုံကျဉ်ဖွယ် လှိုက်ဖိုမှုတို့က ဝမ်းခေါင်းထဲမှသည် တဒင်္ဂတွင်းချင်း တောက်လောင်လာခဲ့ရတော့လျက်၊ အနှီ ညမှ ရူးမက်ဖွယ် မှတ်ဉာဏ်တို့က အလုံးစုံ ပြန်ဆန်တက်လာခဲ့ရတော့လျက်သား။ ဟော့ယွီက မျက်လွှာချ၍ ရှဲ့ချင်းချန်၏ ခါးဝမ်းလေးကို ကြည့်လိုက်ရင်း၊ မျက်လုံးအိမ်တို့ဟာ သတိမမူမိစွာ ရဲရဲတောက်နေခဲ့ရပေ၏။ အသံမှာလည်း အက်ရှလွန်းနေခဲ့ရပေစွာ: “ ဒီမှာလည်း စိုနေတယ် ”

ဆေးမှတ်တမ်းချုပ် ( ၂ )Where stories live. Discover now