အခန်း - ( ၆ )【 U 】

1.8K 263 7
                                    

『 ကြောင်ကိုပွတ်သပ်ခြင်းနှင့် O လိင်စိတ်တိမ်းညွှတ်မှု။ 』

________________________________

ညစာကိုကန်တင်းအပေါ်ထပ်ရှိစားသောက်ဆိုင်ငယ်လေးတွင်သာစားသောက်ခဲ့ပြီး ၊ ဒါဇင်ချီတဲ့လူအုပ်ကြီးဟာစားသောက်ဆိုင်အတွင်းရှိအကြီးဆုံးစားပွဲဝိုင်းကိုသွားရောက်သိမ်းပိုင်းလိုက်ကြလျက်။ သူတို့အတန်းမှာဆယ်မိနစ်စောပြီးထားသည်ဖြစ်ရာဆိုင်ငယ်လေးအတွင်းတွင်လည်းလူသိပ်မများသေးပေ ၊ အားလုံးမှာ menu ကိုကြည့်၍လှည့်ပတ်မှာနေကြ၏။

ထိုအခိုက်၌တစ်စုံတစ်ဦးကလင်းယို့နှင့်လုချင်းယန်တို့ကိုယခုတောင်ဘက်အဆောင်တွင်နေရာ၌အသားကျ​နေပြီလားဟုမေးမြန်းလာခဲ့သည်။ ကျင့်နန်အထက်တန်းကျောင်း၏အဆောင်ခန်းအနေအထားမှာအလွန်ကောင်းမွန်လေ၏။

ယေဘုယျစံသတ်မှတ်ချက်အနေဖြင့်နှစ်ယောက်ခန်းတစ်ခန်းတွင်နှစ်ထပ်ကုတင်တစ်လုံးပါရှိကာထပ်လောင်းအနေဖြင့်ရေချိုးခန်း ၊ ဆိုဖာ ၊ လသာဆောင်နှင့်အတူစားပွဲနှစ်လုံးပါရှိသည့်အခန်းကျယ်တစ်ခုပင်။ ထိုအဆောင်ခန်းများနှင့်တောင်ဘက်အဆောင်ကြားကအကြီးမားဆုံးကွာခြားချက်မှာတောင်ဘက်အဆောင်ကဧည့်ခန်းပိုကြီးသည်သာ။

" တော်တော်နေသားကျနေပါပြီ ၊ အဲ့ဒီတောင်ဘက်အဆောင်မှာနေတဲ့လူသိပ်မများရုံလေးပဲ။ "

လင်းယို့သည်တဒင်္ဂမျှတွေးပြီးနောက် -

" ငါတို့ဘေးအခန်းမှာနေတာ Omega နှစ်ယောက် ၊ တစ်ယောက်ကအထက်တန်းတတိယနှစ် နောက်တစ်ယောက်ကအထက်တန်းဒုတိယနှစ်။ "

" ရွှယ်ယီရှင်းလား ?"

တစ်ယောက်ကမေးလာ၏။

" ဟုတ်တယ် ၊ မင်းသူနဲ့သိတာလား ?"

လင်းယို့မှာသိချင်စိတ်များဖြင့်မေးလိုက်သည်။

" မသိဘူး။ "

ထိုသူမှာလက်ခါပြလာပြီး -

" အထက်တန်းတတိယနှစ်မှာသူကနာမည်ကြီးလို့သိနေတာ ၊ ရုပ်လည်းကြည့်ကောင်းပြီးသင်္ချာပြိုင်ပွဲတွေမှာလည်းတစ်ရနေကျ။ သူကျောင်းရောက်လာခါစကဆိုသူ့ကိုဖွင့်ပြောကြတဲ့ Alpha တွေမှအများကြီး ၊ ရလဒ်ကတော့သူက O လိင်စိတ်တိမ်းညွှတ်မှုရှိတယ်ဆိုပြီးကိုယ်တိုင်ထုတ်ပြောလာတာပဲ။ "

ထိပ်တန်းအဆင့်ဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Kde žijí příběhy. Začni objevovat