အခန်း - ( ၁၃ )【 U 】

2.3K 308 17
                                    

『 ရန်လိုမှု။ 』

__________________________________

လုချင်းယန်သည်မီးဖွင့်လိုက်ရာတောက်ပသောမီးအဖြူရောင်တို့မှာထွန်းလင်းလာပြီး ၊ ကုတင်ထက်တွင်လဲလျောင်းနေသောလင်းယို့မှာပုစွန်လေးနှယ်ကွေးသွားရကာရေချိုးဝတ်ရုံမှာသတိမမူမိစွာပွင့်ဟလာတော့သည်။
ထို့နောက်ဖြူဖျဖျပန်းရောင်သန်းလျက်မက်မွန်ရောင်အလားအသားအရည်နှင့်အတူ ၊ ချွေးစေးတို့ပျံနေခြင်းကြောင့်ရေချိုးဝတ်ရုံကိုလည်းစိုစွတ်နေစေရာထိုသူ၏သဏ္ဍာန်အလုံးစုံမှာရေထဲမှဆယ်ယူထားရသည့်သူပမာ။

ထိုသူမှာအလင်းရောင်ဟာထိန်လင်းနေလွန်းလှသည်ဟုထင်မြင်ဟန်ရှိလျက်လည်ချောင်းတွင်းမှညည်းသံလေးဝိုးတဝါးထွက်လာကာ ၊ နောက်တစ်စက္ကန့်၌အိပ်ရာခင်းကိုအသားဖြင့်ပွတ်တိုက်မိသွားပြီးခန္ဓာကိုယ်မှာလျှပ်စစ်ဓာတ်လိုက်သွားသည့်အလားထပ်မံတုန်ယင်သွားရပြန်၍လည်ချောင်းထက်မှထွက်ပေါ်လာသောညည်းသံလေးမှာညင်သာသာဖြင့်ဆွဲဆောင်မှုရှိလှစွာ။

လုချင်းယန်သည်ခေတ္တမျှပင်အသက်ရှုအောင့်လိုက်မိပြီး ၊ သူ၏ရင်အစုံကမြန်စွာခုန်နေခြင်းမှာမိမိကိုယ်ကိုပင်အံ့အားသင့်မိရသည်အထိ။
လွန်ခဲ့သည့်တစ်ကြိမ်ကပင်သတိထားမိခဲ့သည်မှာသူသည် Beta ဖြစ်လင့်ကစား ၊ လင်းယို့၏ဖယ်ရိုမုန်းများထံမှသက်ရောက်ခံနေရဆဲ။

လင်းယို့ကိုဆေးရုံသို့ခေါ်သွားပေးခဲ့ဖူးသည့်အတွေ့အကြုံတစ်ကြိမ်ရှိဖူးခဲ့ပြီဖြစ်ရာ ၊ လုချင်းယန်မှာအထိတ်တလန့်မဖြစ်သွားဘဲကုတင်ထံသာအလျင်လျှောက်သွားလိုက်သည်။
လင်းယို့၏ကုတင်ဘေးရှိစားပွဲ၌ထိန်းချုပ်ဆေးရှိသည့်အကြောင်းကိုမှတ်မိသဖြင့် ၊ ထိုထိန်းချုပ်ဆေးကိုယူလိုက်ပြီးလင်းယို့ထံထိုးသွင်းပေးရန်ပြင်လိုက်လေ၏။

သို့ရာတွင်သူ၏လက်နှင့်လင်းယို့၏အသားအရည်တို့ထိသွားသည့်အခိုက်၌ထိုသူကရုတ်ချည်းပင်ပိုမိုတုန်ယင်လာခဲ့ကာ ၊ သူပင်မည်သည်မျှလုပ်စရာမလိုသေးတန်ချိန်၌သူ၏လက်မောင်းတို့ထက်လင်းယို့ကလူးလိမ့်လျက်ဝင်ရောက်လာတော့သည်။
ပူပြင်းသည့်ကိုယ်ထည် ၊ ငယ်ရွယ်ပိန်သွယ်သည့်လူရွယ်ခန္ဓာကိုယ်ထည်တစ်ခုမှာသစ်ခွရနံ့တို့ရောယှက်ကာသူ၏လက်မောင်းတို့ကြားသက်ဆင်းလာခြင်းမှာကြောင်လေးတစ်ကောင် Heat ဝင်နေသည့်နှယ်နောက်ကျောတို့ခုံးကြွလျက်သူ့ထံပွတ်သပ်နေပေ၏။

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now