အခန်း - ( ၁၉ )【 U 】

1K 192 5
                                    

『 ရန်စမှု။ 』

__________________________________

နောက်တစ်နေ့ညနေခင်း၌ရှောင်းဖျင်သည်ကျောင်းအနောက်တံခါးသို့ထပ်မံလာရောက်ပြီးသူ့အားပိတ်ပင်လာလိမ့်မည်ဟုလင်းယို့မမျှော်လင့်ထားခဲ့။
ယမန်နေ့ကကဲ့သို့ပင်ဆိုင်ကယ်တစ်စီးနှင့်အတူလာရောက်ကာ ၊ လက်ထဲတွင်လည်းတစ်စုံတရာထည့်ထားသောအိတ်တစ်ခုပါရှိသည်။

ယနေ့တွင်လင်းယို့သည်အနောက်တံခါးမှတစ်ဦးတည်းထွက်လာခဲ့ခြင်းဖြစ်ပြီး ၊ လုချင်းယန်ကကိစ္စရှိသဖြင့်ဆရာမထံမှအခေါ်ခံထားရကာသူနှင့်အတူညစာလိုက်စားနိုင်ခြင်းမရှိ။
လင်းယို့တွေးကြည့်မိရာဝယ်ဖိနပ်ကိုပြန်ပေးရာ၌လုချင်းယန်ကကူညီပေးမည်ဟုဆိုထားသည့်တိုင် ၊ တည့်တိုးဆိုရလျှင်ယင်းကသူကိုယ်တိုင်၏ကိစ္စရပ်သာဖြစ်ပြီးပေအထက်တန်းကျောင်းမှာလည်းသိပ်မဝေးခြင်းနှင့်ကိုက်သွားသဖြင့်ဖိနပ်ကိုလွယ်အိတ်ထဲထည့်ခဲ့လျက်ညစာစားပြီးချိန်တွင်ပေအထက်တန်းကျောင်း၌ရှောင်းဖျင်ကိုသွားရှာရန်တွေးထားလိုက်၏။

ယခုတွင်တံခါးပေါက်ဝ၌ရှောင်းဖျင်ကိုမြင်တွေ့ရပေရာသူနောက်တစ်ကြိမ်ပြေးလွှားနေရမည့်အဖြစ်မှလွတ်မြောက်သွားကာ ၊ သူသည်ရှောင်းဖျင်၏ရှေ့မှောက်သို့ပြေးသွားလျက်ဖိနပ်ဘူးကိုရှောင်းဖျင်လက်မောင်းထံပစ်ပေးလိုက်သည်။

" မင်းကိုပြန်ပေးတာ ၊ ငါဆိုတဲ့လူကတခြားသူပေးတဲ့ပစ္စည်းကိုသဘောရှိတိုင်းလက်မခံတတ်ဘူး။ စိတ်ရင်းစေတနာကိုလည်းလက်မခံဘူး။ "

သံကျောက်ပမာတောင့်တင်းတင်းနှလုံးသားတစ်စုံနှင့်အေးစက်ဂရုမထားသည့်မျက်နှာအသွင်ဖြင့် O တစ်ဦးနှယ်။
ရှောင်းဖျင်မှာမူစိတ်မဆိုးသလိုလင်းယို့နှင့်ငြင်းခုံခြင်းလည်းမပြုလာခဲ့ ၊ သူ၏လက်ထဲမှအိတ်ကိုလင်းယို့လက်မောင်းထဲသို့ထည့်ပေးကာဆိုလာ၏။

" ဖိနပ်ကိုလက်မခံရင်တောင်အစားအစာတော့လက်ခံလို့ရတယ်မဟုတ်လား ၊ ကိုယ့်အမေလုပ်ထားတဲ့အချိုပွဲကအပြင်ကကိတ်ဆိုင်တွေအများကြီးထက်ပိုသာတယ်။ "

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Où les histoires vivent. Découvrez maintenant