အခန်း - ( ၉ )【 U 】

1.7K 242 2
                                    

『 ထွက်ခွာခြင်း။ 』

___________________________________

လင်းယို့၏အမှတ်ပြည့်လုနီးပါးအဖြေလွှာများမှာအမှန်ပင်သက်ရောက်မှုတစ်စုံတစ်ရာရှိခဲ့ပြီး ၊ သူ၏ခရီးထွက်မည့်အစီအစဉ်နှင့်ပြီးမြောက်သွားသည့်အိမ်စာများကိုကျန်နျန့်မှကြားသိလေရာမျက်ခုံးများပင့်လိုက်မိပြီးနောက်ပြန်ပြေသွား၏။ ထို့နောက်သူမ၏အငယ်ဆုံးသားလေးခေါင်းကိုတစ်ချက်ပုတ်လိုက်ကာ ၊ စိတ်ထဲမှလည်းထိုသူကအနည်းငယ်ဆိုးပေသည့်တိုင်အဆင့်များမှာကောင်းနေသေးပြီးထိုသူ၏မျက်နှာမှလွဲ၍အခြားကောင်းသည့်အရာပြသစဖွယ်ပေါ်ထွက်လာခဲ့ပြီဟု။

ထို့ကြောင့်သူမလည်းလက်ပြလျက်လင်းယို့ကိုခရီးထွက်ခွင့်ပြုလိုက်ပြီး ၊ လင်းယို့၏ရှုံ့တွနေသည့်ပိုက်ဆံအိတ်ကိုလည်းပြည့်ဝသွားစေရန်မုန့်ဖိုးငွေတို့ဖြည့်တင်းပေးလိုက်လေသည်။ သို့ပေတည့်ကျန်နျန့်မှာထိုသူကိုကြည့်ရင်းစိတ်ပူနေဆဲ။

" ဒီပိုက်ဆံတွေကမင်းအပြင်ထွက်ပျော်ပါးဖို့နော် ၊ ငါ့ကိုထပ်ပြီးယွမ်၄၀၀၀တန်ကျောက်စိမ်းဆွဲသီးဝယ်လာမပေးနဲ့။ "

ကျန်နျန့်မှာသူ့ထံရေရွတ်ပြောဆိုလာလျက်။ ယင်းကိုကြားလျှင်လင်းယို့၏မျက်နှာမှာချက်ချင်းညိုးကျသွားကာ ၊ မကျေမနပ်ဖြင့်ပြန်လည်ရေရွတ်လာတော့၏။

" ဒါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကိစ္စကြီးပါဗျာ ၊ အမေဘာလို့ဒါပဲအမြဲပြန်ပြောနေတာ။ အမေ့သားလေးကိုမျက်နှာသာမပေးတော့ဘူးလား။ "

ထိုကိစ္စရပ်မှာဂျူနီယာအထက်တန်းတတိယနှစ်မှာဖြစ်ပွားခဲ့တာပင် ၊ ထိုအချိန်ကလည်းလုချင်းယန်အပါအဝင်သူ့မောင်နှမတို့နှင့်အတူခရီးထွက်ခဲ့ခြင်း။ တောင်ပေါ်ရောက်သည်နှင့်အမွှေးတိုင်သွားထွန်းညှိကြလေရာမည်သူမျှသူ့အားသတိမထားမိ ၊ သို့နှင့်ဘုရားကျောင်းအဝင်ဝရှိဈေးသည်ထံမှကံကောင်းစေကာဝိဉာဉ်သန့်စေသည်ဟူသောကျောက်စိမ်းဆွဲသီးလေးကိုလိမ်ညာရောင်းချခြင်းခံလိုက်ရတော့သည်။

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now