အခန်း - ( ၃ )【 U 】

2.5K 315 13
                                    

『 H8901 』

_______________________________

ညစာစားပြီးချိန်၌လုချင်းယန်၏မိဘတို့လည်းအလျင်ရောက်လာကြပြီးသုံးနာရီအကြာတွင်ကားလင်းယို့၏မိဘတို့သည်ဆေးရုံအလျင်ရောက်လာကြတော့သည်။ ထိုလူကြီးလေးဦးတို့သည်လင်းယို့၏လက်ကိုဆုပ်ကိုင်ထားကြလျက်ထိုသူသည်မည်သည့်မသက်မသာဖြစ်မှုတို့မျှမခံစားရသည်ကိုအတည်ပြုပြီးမှသာစိတ်သက်သာရာရသွားကြတော့၏။ လင်းယို့သည်လုချင်းယန်လက်မောင်းထက်မှီကာထိုသူအခွံနွှာပေးထားသောပန်းသီးကိုစားနေလျက်။

ထို့နောက်လင်းယို့မှာအမေ့ကိုကြည့်လျက်ညည်းညူလိုက်သေး၏ : " အမေပြောကြည့် ၊ အမေကျွန်တော့်ကိုမွေးခဲ့တဲ့ဆေးရုံကဘယ်လောက်တောင်မတိကျလိုက်သလဲဆိုတာ။ Beta လား Omega လားတောင်ခွဲခြားမစစ်နိုင်တဲ့ဆေးရုံကြီး။ "

သူ့အမေမှာလည်းသားဖြစ်သူမျက်နှာကိုတစ်ချက်ပြန်ပုတ်လိုက်ပြီး : " ဘာကိုဆေးရုံကထူးဆန်းတာလဲ ၊ မင်းခွဲခြားခြင်းဖြစ်စဉ်မတိုင်ခင်တုန်းကစမ်းသပ်ကိရိယာတောင်မှမင်း Beta မဟုတ်ဘူးဆိုတာမ​ပြနိုင်ခဲ့ဘူး။ "

ယင်းနှင့်စပ်လျဉ်း၍လင်းယို့၏အကြည့်တို့မှာလုချင်းယန်ထံကျရောက်သွားရပြီးဆရာဝန်မှာလုချင်းယန်ကိုလည်းစမ်းသပ်ကိရိယာဖြင့်စစ်ဆေးခဲ့ကြောင်းအမှတ်ရသွားတော့သည်။

ထို့ကြောင့်ပင်သူသည်လုချင်းယန်ကိုထိလိုက်ကာ : " မင်းပြောကြည့်မင်းလည်း Alpha တစ်ယောက်ဖြစ်နိုင်ချေရှိတယ်မဟုတ်ဘူးလား ၊ ခွဲခြားခြင်းဖြစ်စဉ်မကြုံရသေးလို့သာ Beta နဲ့တူနေတာမျိုးများလား ?"

လုချင်းယန်သည်လှောင်ရယ်လိုက်ပြီး -

" မင်းကဒါကိုစူပါမားကတ်မှာလိုတစ်ခုဝယ်တစ်ခုလက်ဆောင်အစီအစဉ်များထင်နေလား ?ဒီလိုအရာမျိုးကိုဆယ့်ခုနစ်နှစ်အရွယ်မှာမှဖြစ်တယ်ဆိုတာမျိုးကလူငါးသောင်းထဲမှာတောင်တစ်ယောက်မဖြစ်နိုင်တဲ့ကိစ္စမျိုးပဲ ၊ ဘယ်လိုလုပ်တပြိုင်တည်းနှစ်ယောက်ဖြစ်တဲ့ကိစ္စမျိုးရှိပါ့မလဲ။ "

လင်းယို့သည် “ ဪ ” ဟူသည့်အသံလေးနှင့်အတူလုချင်းယန်လက်မောင်းကိုပုတ်လိုက်ကာ -

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora