အခန်း - ( ၁၅ )【 U 】

1.6K 260 7
                                    

『 နွေဦးအိပ်မက်။ 』

__________________________________

လုချင်းယန်သည်ဆေးရုံ၌လင်းယို့နှင့်အတူရက်ပေါင်းများစွာအဖော်ပြုပေးခဲ့သော်လည်း ၊ နေ့တိုင်းညခြောက်နာရီအထိသာအဖော်ပြုပေးနိုင်သည်။
ညခြောက်နာရီကျော်လွန်သွားလျှင် Omega သီးသန့်ခွဲခြားထားသည့်ဧရိယာကဧည့်သည်များဝင်ရောက်ခြင်းတားမြစ်လိုက်၏။

ထို့ကြောင့်ဤညများတွင်အပန်းဖြေဟိုတယ်တွင်သူတစ်ဦးသာနေခဲ့ပြီး ၊ လင်းယို့ကသူ့အနားတွင်ဆူညံနေခြင်းမရှိပေရာဧည့်ခန်းရှိ TV ဖွင့်ထားရာမှသေနတ်ပစ်ပေါက်ကွဲသံများဆက်တိုက်ထွက်နေသည့်တိုင်အနည်းငယ်တိတ်ဆိတ်နေဆဲဟုခံစားမိသည်။
TV ခေတ္တမျှကြည့်ပြီးနောက်တွင်မွန်းလွဲတုန်းကလင်းယို့၏နှောင့်ယှက်မှုများကြောင့်ဖြစ်ဟန်ရကာ ၊ လုချင်းယန်မှာမသိလိုက်စွာပင်အိပ်မောကျသွားတော့၏။

TV ထက်တွင်မူသေနတ်ပစ်ခတ်သည့်ရုပ်ရှင်ကိုဆက်လက်ပြသနေခြင်းမရှိတော့ချေ။
ထို့အစားအချစ်ရုပ်ရှင်တစ်ကားကိုပြသနေကာချောမောကြော့ရှင်းသည့်အသွင်အပြင်တို့ဖြင့် Alpha နှင့် Omgea အမျိုးသားပျိုနှစ်ဦးမှာအတူတကွကြီးပြင်းကြလာသည့်ငယ်ကျွမ်းဆွေတို့ဖြစ်ကြလျက် ၊အတန်းပြီးချိန်၌ကားလက်တွဲလျက်အိမ်ပြန်လာကြပြီးလမ်းကြားလေး၏လမ်းထိပ်ရှိပန်းဆိုင်တွင်ပန်းစည်းတစ်စည်းဝင်ဝယ်ခဲ့ကြသည်။

သို့ပေတည့်အဆုံးသတ်ရလဒ်အနေနှင့်သူတို့နှစ်ဦးကွဲကွာသွားခိုက်တွင်ပင်ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကာ ..... ငိုကြွေးမြည်တမ်းသံမှာကောင်းကင်ယံကိုပင်တုန်ဟီးစေခဲ့သည်အထိ။

လုချင်းယန်သည်အဆိုပါသရဲတစ္ဆေကဲ့သို့မြည်တမ်းခြင်းနှင့်ဝံပုလွေကဲ့သို့ဟစ်အူသံများ*ကြောင့်နိုးလာခြင်းမရှိခဲ့ ၊ သူ၏အိပ်မက်ဘုံထက်တွင်လင်းယို့ကိုကြုံတွေ့မြင်မက်နေရသည်။
မှန်နံရံ၏အနောက်၌လင်းယို့မှာအဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားလျက်ပိန်သွယ်သွယ်ဖြူလွလွခြေချင်းဝတ်မှာပေါ်ထွက်​နေပြီး ၊ ကြမ်းပြင်ထက်တွင်ခြေဖျားထောက်ကာရပ်နေခဲ့၏။
[ * : ကျယ်လောင်စွာမြည်ဟီးအော်ဟစ်ခြင်း။ ]

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now