အခန်း - ( ၈ )【 U 】

1.7K 251 10
                                    

『 အားလပ်ရက်ခရီးအစီအစဉ်။ 』

_________________________________

ညစာစားကြချိန်တွင်ကားအမှန်ပင်လုပေ့မင်နှင့်လင်းစစ်ယွီတို့၏မင်္ဂလာပွဲအကြောင်းပြောဆိုဆွေးနွေးကြလေ၏။ထိုသူတို့နှစ်ဦး၏ဆက်ဆံရေးပွင့်လင်းမြင်သာရှိလှပြီး ၊ မိသားစုထံအထူးတလှည်ဖွင့်ဟကြေညာထားခြင်းမရှိသော်ငြားမျက်မမြင်လေးလင်းယို့မှလွဲလျှင်မိသားစုနှစ်ဖက်လုံးရှိအကုန်လုံးကထိုနှစ်ဦးကြားဆက်ဆံရေးကိုမြင်နိုင်ပေသည်။

ကနဦးတွင်လျိုကျန့်နှင့်ကျန်နျန့်တို့မှာအနည်းငယ်စိတ်ပူခဲ့ကြသေး၏ ၊ အကြောင်းမှာထိုသူနှစ်ဦးချစ်ကြိုက်ကြသည်ကိုမနှစ်သက်ခြင်းကြောင့်မဟုတ်ရပါပေ။ လူငယ်လူရွယ်တို့၏နားလည်သည်းခံလိုစိတ်တို့မှာလျော့ပါးတတ်လေရာ ၊ စကားများရန်ဖြစ်၍ပြတ်ဆဲကြလျှင်နှစ်ဖက်မိသားစုတို့အတွက်မျက်နှာပူစဖွယ်ဖြစ်ကြမည်ကိုပူပန်ခြင်းသာဖြစ်၏။

သို့ပေတည့်ကံကောင်းစွာပင်လုပေ့မင်နှင့်လင်းစစ်ယွီတို့မှာသူတို့ထံမည်သည့်ပြဿနာမျှမသယ်ဆောင်လာကြကာ ၊ နှစ်ဦးသားဘွဲ့ရလျှင်မင်္ဂလာဆောင်လက်ဆက်ရန်စီစဉ်လိုက်ကြတော့သည်။ ညစာစားပြီးချိန်၌နှစ်ဖက်မိသားစုမှလူကြီးတို့မှာအတူထိုင်လျက်ငယ်ရွယ်စဉ်အချိန်အခါများကိုပြန်လည်တွေးတောပြောဆိုနေကြလျက်။

လူငယ်များသည်လည်းဆိုဖာပေါ်ထိုင်လျက်ရှိနေကာ ၊ လင်းစစ်ယွီမှာလုပေ့မင်နှင့်လင်းစစ်ကျယ်တို့ထပ်မံရန်ဖြစ်ကြမည်ကိုစိုးသဖြင့်ကြိုတင်တားဆီးသည့်အနေဖြင့်ထိုသူတို့နှစ်ဦးကြားတွင်ဝင်ထိုင်လိုက်၏။ လင်းယို့မှာကားပန်းသီးကိုကိုက်လိုက်ပြီးသူ့အစ်ကိုကိုမေးလိုက်ချေသည်။

" အစ်ကိုတို့နှစ်ယောက်ဘယ်လိုလုပ်တွဲသွားရတာလဲ ?"

ထို့နောက်လုပေ့မင်ထံမကျေမနပ်အကြည့်တို့ပစ်လွှတ်လိုက်ကာ : " ယုန်ကသူ့တွင်းခေါင်းအနားကမြက်ကိုမစားဘူး*လို့ပြောကြတာကို ၊ ပေ့မင်ကောအစ်ကိုကယုန်ထက်ဆိုးနေတာပဲ။ "
[ * : ကိုယ့်အနီးအနားအိမ်နီးနားချင်းကိုမထိပါးဘူးလို့ရည်ညွှန်းပါတယ်။ ]

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now