အခန်း - ( ၁၄ )【 U 】

1.7K 286 10
                                    

『 ဖယ်ရိုမုန်းသီးသန့်ခွဲခြားခြင်း။ 』

___________________________________

လုချင်းယန်ဓာတ်လှေကားထဲမှထွက်လာသည်နှင့်ဓာတ်လှေကားအရှေ့တွင်စောင့်နေသူလင်းစစ်ယွီကိုတွေ့လိုက်ရပြီး ၊ လုပေ့မင်၏ကားကဟိုတယ်ဝင်းရှေ့၌ရပ်ထားသည်။ ကားထဲသို့ဝင်ချိန်၌လင်းစစ်ယွီကလင်းယို့ကိုလက်လွှဲယူချင်ခဲ့သော်လည်း ၊ လုချင်းယန်မှာတိတ်တဆိတ်သာဘေးသို့ရှောင်ဖယ်လိုက်ကာအနောက်ခုံထက်သို့လင်းယို့ကိုချလိုက်၏။

လင်းယို့၏တစ်ကိုယ်လုံးမှာလုချင်းယန်၏လက်မောင်းတို့ဝန်းရံခြုံခြင်းခံထားရကာ ၊ သူ၏မျက်နှာတစ်ဝက်ကိုမူလုချင်းယန်၏လည်တိုင်ထက်အပ်ထားလေသည်။ လင်းစစ်ယွီသည်လည်းအချိန်ဖြုန်းမိမည်ကိုစိုးသဖြင့်လုချင်းယန်နှင့်ငြင်းခုံမနေတော့ဘဲ ၊ ခရီးသည်ခုံကိုသာဝင်သွားလိုက်တော့၏။

လုပေ့မင်သည်သူ့အားနောက်ကြည့်မှန်မှကြည့်လာလေရာ ၊ လုချင်းယန်မှာလည်းမျက်မှောင်ကျုံ့ကာကြည့်လိုက်လိုက်သည်။

" အစ်ကိုထိန်းချုပ်ဆေးသုံးထားလား ?"

လုပေ့မင်မှာ Alpha ပင် ၊ လင်းယို့ကိုထိန်းချုပ်ဆေးထိုးပေးထားလျှင်ပင်အနားရှိလူတို့ကိုဖယ်ရိုမုန်းများကသက်ရောက်မှုရှိဦးမည်သာဖြစ်၏။

" အစောကြီးတည်းကသုံးထားပြီးပြီ။ "

လုပေ့မင်သည်ကားကိုစတင်မောင်းထွက်လိုက်ပြီး -

" လင်းယို့ရဲ့ဒီဖယ်ရိုမုန်းကလည်းကောင်းချီးလား ၊ ကျိန်စာလားတောင်မသိတော့ပါဘူး။ "

သူနှင့်လင်းစစ်ယွီမှာအလွန်မြင့်မားသည့်လိုက်ဖက်ညီမှုရှိပြီးထူးခြားလွန်ကဲစွာကျွမ်းဝင်သည့်ဆက်ဆံရေးမျိုးရှိကာ ၊ ထိန်းချုပ်ဆေးလည်းသုံးထားသော်ငြားလင်းယို့၏ဖယ်ရိုမုန်းဆွဲဆောင်မှုကိုခံစားမိနေဆဲသာ။
သို့ပေတည့်ကံကောင်းထောက်မစွာဖြင့်ထိုဆွဲဆောင်မှုကိုခုခံရန်သူ့အတွက်ထိန်းချုပ်နိုင်စွမ်းအနည်းငယ်သာလိုအပ်ပြီး ၊ အကယ်၍လူလွတ်အမျိုးသားတစ်ဦး သို့တည်းမဟုတ် ခြယ်လှယ်လိုစိတ်ပြင်းပြသည့် Alpha တစ်ဦးသာဆိုလျှင်ကားမည်သို့ဖြစ်ပေါ်လာနိုင်သည်ကိုဆိုရန်ပင်မသင့်ဖြစ်လာလိမ့်မည်။

ထိပ်တန်းအဆင့်ဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Место, где живут истории. Откройте их для себя