Intro & Description

682 74 4
                                    

- Unicode

မနက်နိုးလာသည်နှင့် ဖုန်းကိုင်မိရာ နှစ်သိမ့်စာများ ပလုံစီ၍ ဝင်ထားသည်ကို တွေ့လိုက်ရသည်။

"ကျစ်ကွမ်း မင်းသတ္တိကို လေးစားပါတယ်၊ ငါလဲ မင်းကို ကံကောင်းပါစေ ဆုတောင်းပေးပါတယ်ဟာ၊ မတော်တဆပဲကို အဆင်ပြေသွားမှာပါ"

"ရှကျစ်ကွမ်း!! မင်းဘဝကြီးတော့ သွားပြီလို့ ငါထင်တယ်၊ မင်းနည်းနည်းလေးတောင် အကြောက်အလန့်မရှိဘူးနော်"

"မနက်ဖြန် Entertainment ကို series တစ်ခုအတွက် တိုင်ပင်ဖို့ သွားရမှာ‌ ကျစ်ကွမ်းရေ အဆင်ပြေပါစေကွာ"

"ကွမ်းကွမ်း...အဆင်ပြေသွားမှာပါ၊ ဥက္ကဌနဲ့တွေ့မှ ဖြစ်ခဲ့တာကို သေချာလေး နားဝင်အောင် ပြန်ရှင်းပြလိုက်နော်၊ သူနားလည်ပေးမှာပါ၊ ကျားယို့!"

ရှကျစ်ကွမ်းတစ်ယောက် နားမလည်နိုင် မူးနောက်လို့ နေ၏။
ဘာတွေဖြစ်နေတာလဲ? ဘာကို ဖြေရှင်းရမှာလဲ? ဥက္ကဌက ဘယ်ကပါလာတာလဲ? ငါ့ဘဝက ဘာလို့ သွားပြီလဲ?

မေးခွန်းတွေ ဆက်တိုက်ပေါ်လာသော်လည်း မနေ့ညက အဖြစ်အပျက်ခေါင်းထဲ ထိုးဝင်လာသည်နှင့် ပိုတောင် ခေါင်းရှုပ်လာရသည်။

သူ၏ စိတ်တိုနေသော အေးဂျင့်ဖြစ်သူကိုသာ စာပို့ကာ အကျိုးအကြောင်းမေးမြန်းရတော့သည်။

*ကျွင်းကော...ကျွန်တော် မနေ့ညက လူတစ်ယောက်ကို ‌ရည်းစားစကားပြောလိုက်သေးတာလား*

*နိုးလာပြီပေါ့...လာ..လာ မင်းမွှေချက်ကလေ ငါ့ခေါင်းပေါ်က ဆံပင်တွေကို မီးရှို့လိုက်သလိုပဲ!!*

*အာ? ပြဿနာက အရမ်းကြီးသွားတာလား သူ့ကို  ပိုက်ဆံနည်းနည်းပေးပြီး နှုတ်ပိတ်လိုက်လေ မတော်တဆပဲကို*

*ကျစ်ကွမ်း..ပြဿနာက ဘာလဲသိလား မင်းရည်းစားစကားသွားပြောတဲ့လူက ငါတို့ ကုမ္ပဏီ ဥက္ကဌကွ! ဒါပေမယ့် အများကြီး စိတ်မပူပါနဲ့ မင်းကို သူအပြစ်မတင်ပုံပဲ*

ရှကျစ်ကွမ်းမှာ စာတောင် မပြန်နိုင်တော့ဘဲ စက္ကန့်အနည်းငယ် ကြောင်အလျက် ထအော်လေသည်။

"သွားပြီ...သွားပြီ...ဘယ်လိုလုပ် အပြစ်မတင်ဘဲနေမှာလဲ?!?! ငါအခုမှ နာမည်ရရုံရှိ‌သေးတယ်လေ  ရှေ့ဆက်ရမယ့် နေ့ရက်လေးတွေကို အခက်အခဲတွေနဲ့ ကျော်ဖြတ်ရတော့မှာပဲ!!!! အားးးးး!!!"

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now