Chapter - 6

282 46 1
                                    

- Unicode

အိပ်ရာနိုးလာသော ဟွမ်ကျွင့်ကျယ်မှာ အိပ်ချင်မူးတူးဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလျက် ကြောင်အကာ ငေါက်ခနဲ ထထိုင်ပြီးမှ သက်ပြင်းချမိသည်။

မနေ့ညက သူ ရှကျစ်ကွမ်းအိမ်မှာ အိပ်ခဲ့တယ်ဆိုတာ မေ့နေတာပဲ...

မနေ့ညက ရှကျစ်ကွမ်းမှာ ရုတ်တရက် အနမ်းခံရသည်ကို သဘောကျကြောင်း ပြောပြီးသည်နှင့် နှစ်ယောက်လုံး ‌‌ရှက်ကာ ဇာတ်လမ်းတောင်ပြီးအောင်မကြည့်တော့ဘဲ အိပ်ဖို့ ပြင်ကြသည်။

အိပ်ခန်းတွင် ဟွမ်ကျွင့်ကျယ်အား ရှကျစ်ကွမ်း အတင်းအိပ်ခိုင်းခဲ့ပြီး သူကိုယ်တိုင်ကတော့ ဧည့်ခန်းမှ ဆိုဖာမှာ သွားအိပ်ခဲ့သည်။

ဟွမ်ကျွင့်ကျယ်မှာ အိပ်မပျော်လောက်ထိ ‌ထင်ထားသော်လည်း အလုပ်များကြောင့် ပင်ပန်းထားသည့်ဒဏ်အပြင် ရှကျစ်ကွမ်းအိမ်ရောက်ရောက်ချင်း ညစာအား အမြန်ချက်ပေးချင်သောကြောင့် လုံးဝ မနားဘဲ တောက်လျှောက်လုပ်နေခဲ့သည်ကြောင့် တခဏချင်းတွင်ပင် အိပ်ပျော်သွားလေသည်။

ဟွမ်ကျွင့်ကျယ်နှင့် ဆန့်ကျင်စွာ ရှကျစ်ကွမ်းမှာတော့ စိတ်လှုပ်ရှားကာ ဆိုဖာပေါ် ဟိုလှိမ့်ဒီလှိမ့်နှင့် ညတာရှည်လျက် ရှိခဲ့သည်။ မနက်တွင်လည်း အစောကြီး နိုးလာသည်မို့ မအိပ်နိုင်တော့ဘဲ ထကာ မနက်စာလုပ်လိုက်သည်။

ဟွမ်ကျွင့်ကျယ် အိပ်ခန်းအပြင်ထွက်လာသောအခါတွင် မီးဖိုချောင်ဘက်မှ ကောင်လေးထွက်လာကာ မိမိအား ပြုံးပြလာသည်။

"ကော နိုးပြီလား ကျွန်တော် ဒီနားက စတိုးဆိုင်မှာ သွားတိုက်တံအသစ်တစ်ချောင်းနဲ့ မျက်နှာသုတ်ပဝါ ဝယ်ထားပေးတယ် ကော ကျွန်တော့်ဟာကို သုံးချင်ပါ့မလား မသိလို့"

"အင်း"

မိမိဘက်အား ဂရုတစိုက်စဉ်းစားပေးသော ကောင်လေးအား ဟွမ်ကျွင့်ကျယ် ကျေနပ်သည်ထက်ကို ပိုနေသည်။

"အာ ပြီးတော့ ကျွန်တော် မနက်ပိုင်းဆိုတော့ ဖက်ထုပ်လေးတွေနဲ့ ဆီချက်ခေါက်ဆွဲပဲ လုပ်ထားတယ် အခုပဲ ပြင်ပြီးတာ ကော ပြီးတာနဲ့ လာစားလို့ရတယ် ကျွန်တော်စောင့်နေမယ်"

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now