Chapter - 5

304 56 7
                                    

- Unicode

ညစာစားပြီးသည်နှင့် အိမ်ပြန်ဖို့ လုပ်နေသော ဟွမ်ကျွင့်ကျယ်အား ရှကျစ်ကွမ်း လှမ်းဆွဲကာ

‌"ဟွမ်ကော...ဒီနေ့ ရုပ်ရှင်အတူတူကြည့်ကြမလား"

မျှော်လင့်ချက်အပြည့်နှင့် မိမိအား စိုက်ကြည့်နေသော ကောင်လေးကြောင့် ဟွမ်ကျွင့်ကျယ် ကြောင်အသွားရသည်။

"အင်း...ကြည့်ကြမလား"

အသံတိုးတိုးနှင့် ခေါင်းညိတ်ပြလိုက်သည်မို့ ရှကျစ်ကွမ်းမှာ လိုချင်တာ ရသွားသော ကလေးငယ်လိုပင် ရွှင်မြူးသွားပြီး ဟွမ်ကျွင့်ကျယ်အား ဧည့်ခန်းထဲရှိ ဆိုဖာပေါ်သို့ ဆွဲခေါ်သွားတယ်။

"ဇာတ်ကားရွေးထားမလား ကျွန်တော် ပန်းကန်သွားဆေးလိုက်မယ် ခဏပဲ!"

တက်ကြွနေလျက် မိမိအား အရင်ချဉ်းကပ်နေသော ရှကျစ်ကွမ်းကြောင့် ဟွမ်ကျွင့်ကျယ်ခင်မျာ ရင်ခုန်နေမိသည်။

အစတွင်တော့ မိမိက စချဉ်းကပ်ဖို့ တွေးထားပေမယ့်လဲ ရှေ့မတိုးရဲဘဲ ရပ်တန့်နေမိသည်။ မိမိဘာသာလဲ နားမလည်နိုင်ပေ။ ကပ်လွန်းလျှင်လဲ စိတ်ရှုပ်နေမည်လား၊ ခွာလွန်းလျှင်လဲ ရင်းနှီးမှုရမည်မဟုတ်။ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနှင့် ညီအစ်လိုဖြစ်သွားရသည်။

ယခုတွင်တော့ ရှကျစ်ကွမ်းဘက်က‌ ရှေ့တိုးလာသည်ဟု ဟွမ်ကျွင့်ကျယ် ခံစားမိလာသည်။ မိမိအား အနည်းငယ်တော့ သဘောကျနေပြီဟု ထင်မိသည်။

"‌ရွေးပြီးပြီလား"

ပန်းကန်ဆေးရာမှ ပြန်လာသော ကောင်လေးမှာ မုန့်နှင့်အအေးများ သယ်ကာ ပြန်လာပြီး မိမိအနားကပ်ကာ ဝင်ထိုင်လိုက်သည်မို့ ဟွမ်ကျွင့်ကျယ် တုန်တက်သွားရသည်။

"အာ...ငါက ဇာတ်ကားမကြည့်ဖြစ်ဘူး မင်းရွေးလိုက်"

အမြန်ပင် remote ကို လက်လွှဲပေးလိုက်သည်။

"ဩော အိုခေ"

ဇာတ်လမ်းရွေးသော တာဝန်အား ယူလိုက်သော ရှကျစ်ကွမ်းမှာ မတော်တဆ တမင်တကာပင် romance movie တစ်ခုအား ရွေးချယ်လိုက်သည်။ ယောက်ျားလေးနှစ်ယောက်အတွက် သရဲကားဟာ အလုပ်ဖြစ်ဖို့ မသေချာပေ။ သေချာတာပေါ့ ရှကျစ်ကွမ်းဟာ ဟွမ်ကျွင့်ကျယ်နှင့် အဆင့်တက်ချင်နေသည်။ သူသည် သဘောကျသည်ဟု သေချာနေပြီး အတော်လေးကို ‌ရင်းနှီးချင်နေသည်။

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now