Chapter - 9

373 50 13
                                    

- Unicode

"ကျစ်ကွမ်း...နေ့လည်စာ ဘာစားချင်လဲ ငါတစ်ခါထဲ မှာ......"

တံခါးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွင်းလန်ကျွယ်ဟာ ပြောစကားများတန့်သွားရပြီး ကြောင်အလျက်...။

ရုတ်တရက်ဝင်လာသော ကျွင်းလန်ကျွယ်ကြောင့် နှစ်ယောက်သား အလျင်အမြန်ပင် အနေအထားပြန်ပြင်လိုက်၏။

ရှကျစ်ကွမ်းသည် မျက်နှာထက် အပြုံးတစ်ခုပန်ဆင်ကာ ဘာမှမဖြစ်ခဲ့သည့်ပုံစံဖြင့် တုံ့ပြန်လိုက်သည်။

"အဟမ်း...ကျွင်းကော ကျွန်တော့်အတွက် မမှာနဲ့တော့ ကျွင့်ကျယ်နဲ့ပဲ အတူတူစားလိုက်တော့မယ်"

"အာ..အင်း ဒါ..ဒါဆို ‌ငါ သွားတော့မယ်"

ချောင်းဟန့်ကာ မိမိအား ပြောလာသည့် ရှကျစ်ကွမ်းကြောင့် အသိဝင်ကာ အမြန်ပင် တံခါးပိတ်ကာ ပြန်ထွက်တော့သည်။

ထိုအချိန်တွင် ကျွင်းလန်ကျွယ် တွေးမိလိုက်သည်။ မိမိဘဝကြီး သွားပြီ ဟူ၍ပင်။ ဘယ့်နှယ့်လုပ် အချိန်ကောင်းမှ ဝင်သွားရတာလဲ ကိုယ့်ဘာသာလဲ နားမလည်နိုင်တော့။ ရှကျစ်ကွမ်းမှာ ဟွမ်ကျွင့်ကျယ်နှင့် တွဲနေကြောင်း သိသော်လည်း ယခုကဲ့သို့ မျက်မြင်ကိုယ်တွေ့မှာ ပထမဆုံးအကြိမ်ပင်။ ဟွမ်ကျွင့်ကျယ်၏ ဒေါသမှာ ဘယ်လောက်ကြီးကြောင်း သူကြားဖူးထားသည်။ ကိုယ့်ဘဝလေးအတွက် အလျင်အမြန်ဆုတောင်းရင်းသာ နေရတော့မည်။

ဟွမ်ကျွင့်ကျယ်မှာတော့ လန့်ဖြန့်ကာ အနေအထားပြန်ပြင်ထားသည်မှာ ကျွင်းလန်ကျွယ်ထွက်သွားသည်အထိ တောင့်တောင့်ကြီးဖြစ်နေ၏။ တောင့်နေသော ခန္ဓာကိုယ်နှင့် ဆန့်ကျင်စွာ နားနှစ်ဖက်ဟာ နီရဲလျက်ရှိနေ၏။

နှုတ်ခမ်းနှစ်စုံ ထိကပ်လုဆဲဆဲဖြစ်နေသော အချိန်‌တွင် ဝင်ရောက်လာသော အနှောင့်အယှက်‌ကြောင့် ရှကျစ်ကွမ်း စိတ်တို‌နေခဲ့သည်။ သို့သော်ငြား တစ်ဖက်လူကို ပြန်လှည့်ကြည့်ချိန်တွင် နီရဲနေသော နားဖျားအား တွေ့လိုက်သဖြင့် ညှစ်ကျယ်ကျယ်ပြုံးလျက် အနားကပ်လျက် နီရဲနေသော နားလေးအား ဖိကပ်ကာ နမ်းရှိုက်လိုက်သည်။

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now