Chapter - 10

219 42 3
                                    

-Unicode

ဟွမ်ကျွင့်ကျယ် ရေချိုးခန်းထဲ ဝင်လိုက်ပြီး ဘေစင်ရှေ့တွင် ရပ်ကာ မှန်ထဲက မိမိကို မိမိပြန်ကြည့်လိုက်သည်။ နားနှစ်ဖက်က နီးရဲနေသည်မှာ အတော်လေး သိသာနေ၏။

နှုတ်ခမ်းအား ဖွဖွ ထိလိုက်မိသည်။ ခဏတာ အထိအတွေ့လေးအား ခံစားနေရဆဲ။ ဟွမ်ကျွင့်ကျယ်တစ်ယောက် ထအော်ချင်မိသည်အထိ အပျော်လွန်နေပါ၏။

ထိုအချိန် ရှကျစ်ကွမ်း၏ အမူအရာအား ရုတ်တရက် ပြန်သတိရလိုက်၏။ တည်ငြိမ်လွန်းနေသော မျက်နှာ၊ ကျွမ်းကျင်သည် ထင်ရသည့် အပြုအမူ။ ဟွမ်ကျွင့်ကျယ် စိတ်ထဲ မတင်မကျ ပြန်ဖြစ်လာရပြန်သည်။

ရှကျစ်ကွမ်းက အရင်က နမ်းဖူးတာလား? အင်းနော် သရုပ်ဆောင်တစ်ယောက်က နမ်းဖူးတယ်ဆိုတာ ထူးဆန်းတာမှ မဟုတ်ဘဲကို...။ ဒါဆို ပထမဆုံးအနမ်း မဟုတ်ဘူးပဲ။ ထားလိုက်ပါ အခု သူက ငါ့အပိုင်ဖြစ်နေပြီပဲကို...။

ဟွမ်ကျွင့်ကျယ်၏ အတွေးများဟာ တောင်ရောက်မြောက်ရောက်နှင့် ကိုယ့်ကိုကိုယ် တိုက်ခိုက်နေ၏။

ဟွမ်ကျွင့်ကျယ် ရေချိုးပြီး ထွက်လာချိန်တွင် ရှကျစ်ကွမ်းအား အိပ်ခန်းထဲတွင် မတွေ့တော့ပေ။ ကုတင်ပေါ်တွင် အသင့်ရှိသော နက်ပြာရောင် ဖဲသား ဝမ်းဆက်အား ဝတ်ဆင်လိုက်ကာ အရှေ့ဘက် ဧည့်ခန်းသို့ ထွက်လာခဲ့သည်။

"ကိုကို! အခုလေးတင် မှာထားတာတွေ ရတာ ထိုင် ထိုင် စားမယ်"

မှာထားသော အစားအသောက်များအား ဖွင့်ကာ ပြင်ဆင်နေသော ရှကျစ်ကွမ်းသည် မိမိအား မြင်သည်နှင့် အပြုံးလေးဖြင့် ဆီးကြိုလျက်။

ဟွမ်ကျွင့်ကျယ် ရှကျစ်ကွမ်းဘေးတွင် ဝင်ထိုင်လိုက်၏။ ပြင်ပေးထားသည့် တူကို ကိုင်ကာ စားဖို့လုပ်ပြီးမှ တူကို ပြန်ချလျက် စိတ်ထဲ မတင်မကျဖြစ်နေသည်အား ထုတ်မေးလိုက်သည်။ စိတ်ထဲ ကြိတ်စုထားတာထက် ပွင့်ပွင့်လင်းလင်းဖြေရှင်းတာက ပိုထိရောက်မယ်မလား။

"မင်း အရင်က နမ်းဖူးလား"

"ဗျာ...ဟင့်အင်း"

ရှကျစ်ကွမ်း ခေါင်းလေး အသာခါလျက် အငြင်းစကားဆိုလိုက်၏။

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now