Chapter - 8

340 47 1
                                    

- Unicode

"ဒါရိုက်တာ! Blue Entertainment က ဥက္ကဌရောက်နေတယ်!!"

ဇာတ်ဝင်ခန်းတစ်ခန်းရိုက်ပြီးလို့ ကင်မရာရှုထောင့်ပြောင်းရိုက်ရန် ပြင်နေချိန် ဘေးနားလာကာ လာပြော‌သော ‌လက်ထောက်ဒါရိုက်တာကြောင့် ဒါရိုက်တာဖြစ်သူ ယွမ်ရှိုမှာ လန့်ဖြန်သွားရသည်။

လက်ထောက်ဒါရိုက်တာ၏ မတိုးမကျယ်အသံ‌မှာ သူတို့အနီးပတ်ဝန်းကျင်က လူတစ်ချို့ကြားဖို့တော့ လုံလောက်ပေသည်။

"ဥက္ကဌဟွမ်က ဘာလို့ရောက်လာရတာလဲ"

ရုတ်တရက်ပြန်တုံ့ပြန်လိုက်ပြီးမှ ယွမ်ရှို အမှတ်ရလိုက်သည်။ *ရှကျစ်ကွမ်း* က ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်နှစ်ယောက်ထဲက တစ်ယောက်ပဲ!!!

အရင်တစ်ခါ ရှကျစ်ကွမ်းနှင့် ဒီဇာတ်လမ်းအကြောင်း ညှိနှိုင်းဖို့ အစည်းအဝေးလုပ်ချိန်တွင်လဲ ဥက္ကဌအတွင်း‌ရေးမှူး တစ်ဖြစ်လဲ ကိုယ်ရေးကိုယ်တာလက်ထောက်ကိုယ်တိုင် အချိန်နောက်ဆုတ်ဖို့ ပြောလာသည်။ ယခုတွင်လဲ ရိုက်ကွင်းသို့ ကိုယ်တိုင်ပင် ရောက်လာလေပြီ။ ရှကျစ်ကွမ်း၏ အရှိန်အဝါကလဲ မသေးလှပေ ဟု ယွမ်ရှိုတွေးမိလိုက်သည်။

ဘေးပတ်ဝန်းကျင်‌တွင်ရှိနေသော staff များအပြင် သရုပ်ဆောင်များပါ လှုပ်လှုပ်ရွရွ‌ဖြစ်နေသည်။ Blue Entertainment ဥက္ကဌမှာ သူတို့လောကတွင်တော့ ထိပ်ထိပ်ကြဲ ကျော်ကြားသူမို့ မသိသူ မရှိသလောက်ပင်။ ဘယ်သူ့ကြောင့် ရောက်လာသည်လဲကိုတော့ သူတို့ မသိပေ။ သို့သော် အရေးကြီးသော တစ်စုံတစ်ယောက်တော့ ရှိနေပြီဟုတော့ ‌ခန့်မှန်းမိနေကြပြီ။

ဟွမ်ကျွင့်ကျယ် ရိုက်ကွင်းထဲသို့ ဝင်ရောက်လာသည်နှင့် မျက်လုံးဝေ့ကာ လူရှာပုံတော်ဖွင့်ရသည်။ သို့သော်လည်း သူတွေ့ချင်သောလူ ရှာမတွေ့ခင်မှာ ဒါရိုက်တာဖြစ်သူ ရောက်လာပြီး နှုတ်ဆက်တော့သည်။

"အိုက်ယား...ဥက္ကဌဟွမ်ကိုယ်တိုင် ရောက်လာတာပါလား ကြိုဆိုပါတယ် ကြိုဆိုပါတယ် ရိုက်ကွင်းကို ကြိုက်သလို လိုက်ကြည့်လို့ရပါတယ်"

"အင်း"

မိမိစကားများအား ဂရုမစိုက်ဟန်ဖြင့် မျက်လုံးအလုပ်ပေးကာ တစ်စုံတစ်ခုကို ရှာဖွေနေပုံကြောင့် ယွမ်ရှိုသတိရသွားကာ ပြောလိုက်သည်။

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now