Chapter - 1

374 63 11
                                    

- Unicode

ရှကျစ်ကွမ်းတစ်ယောက် အိပ်ရာပေါ်မှ ထကာ သူ့အတွက် ပြင်ပေးထားသည်ဆိုသော စွပ်ပြုတ်အား သံသယမကင်းစွာ သောက်လိုက်သည်။

ရေချိုးသန့်စင်ပြီးသည်နှင့် ကားရောက်လာသည်မို့ တက်ကာ Entertainment ကို သွားခဲ့သည်။

"‌*ကျွင်းကော...မနေ့ကကိစ္စက?"

"ဘယ်သူမှမသိဘူး...မင်းနဲ့ သွားခဲ့တဲ့ staff တွေကို သတင်းမထွက်စေဖို့ ဟွမ်ဥက္ကဌက သတိပေးထားတယ်"

ထိုစကားကြားမှ ခေါင်းတွေ ငြိမ့်လျက် ပြတင်းပေါက်ဘက် ပြန်လှည့်ကာ ဖြစ်စဉ်ကို တွေးတောနေမိသည်။

မနေ့ညက series တစ်ခုပြီးသည်မို့ ညစာစားပွဲလုပ်ကာ အကုန်ပြန်ကြချိန် သူနှင့် ရင်းနှီးသော staff တစ်စုက အင်အားများ သုံးမကုန်နိုင်အောင် ရှိနေသည့်အတိုင်း Bar ကို သွားဖို့ ဖိတ်ခေါ်သဖြင့် ရှကျစ်ကွမ်း လိုက်သွားခဲ့သည်။

ပြဿနာက သောက်ကြ စကားများကြ ဂိမ်းဆော့ကြရင်း ရေချိန်နည်းနည်းများသွားခဲ့သည်။ ဘေးဝိုင်းက ဆံပင်ကောက်ကောက်လေးများ အုပ်ချထားပုံက လူငယ်တစ်ယောက်သွင်ပြင်ရှိပုံပေါ်သော်လည်း suit အပြည့်နှင့် ဖြစ်နေသည်က သူ့အမြင်‌တွင် ကသိကအောက်ဖြစ်နေရ၏။

သူ၏ မျက်လုံးထဲတွင် အဆင်မပြေဖြစ်နေသော လူအနားသို့လျှောက်သွားကာ လက်ကို ဆွဲကိုင်လျက်

"ဒီက သူငယ်ချင်းလေး ဘာလို့ ဝတ်စုံပြည့်ဝတ်ထားတာလဲ...အိမ်လိုက်ခဲ့ပါလား ကိုယ့်ဆီမှာ outfit တွေအများကြီးရှိတယ်"

"..."

တစ်ဖက်မှ နှုတ်ခမ်းတင်းတင်းစိလျက် သူ့အား စိုက်ကြည့်နေသည်အား တွေ့လိုက်သောအခါ

ချောမွတ်နေပုံပေါ်တဲ့ အသားအရေ၊ အုပ်ထားတဲ့ ဆံပင်တွေ အောက်က မျက်ဝန်းဝိုင်းဝိုင်းလေးက ကိုယ့်အား အံ့ဩမှုအပြည့်နဲ့ ကြည့်နေပုံ၊ နှာတံသွယ်လေးပေါ်မှာ တည်ရှိနေတဲ့ မှဲ့နက်လေး၊ တင်းတင်းစိထားတဲ့ နှုတ်ခမ်းက မသိမသာ ပန်းရောင်းသန်းနေလေးရဲ့၊ တစ်ခုချင်းစီကို လိုက်ကြည့်မိရင်း ပြောလိုက်သည်က

"ချောလိုက်တာ...ကိုယ်ချစ်မိသွားပြီထင်တယ် ကိုယ့်ရည်းစားလုပ်ပါလား အများကြီးကောင်းပေးပါ့မယ်"

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now