Chapter - 11

309 39 3
                                    

- Unicode

ရှကျစ်ကွမ်း ဇာတ်ညွှန်းလေ့ကျင့်ချင်သည်ဟု ပြောသည်နှင့် အလိုက်တသိ အခန်းသို့ပြန်သွားလေသည်။

တကယ်တမ်းတွင်တော့ လေ့ကျင့်နေချိန် ဟွမ်ကျွင့်ကျယ်ရှိနေသော်လည်း ရှကျစ်ကွမ်းအတွက် ပြဿနာတော့ မရှိပါချေ။ သို့သော်ငြား သူ၏ ချစ်ရသူ ဥက္ကဌလေးခင်မျာ အလိုက်သိလွန်းနေပြန်သည်။

မနက်ဖြန် ရိုက်ကူးရေးအတွက် လေ့ကျင့်မှုတွေ ပြီးသွားသော်လည်း ဟွမ်ကျွင့်ကျယ်အား မည်သို့ ပြန်ခေါ်ရမှန်း ရှကျစ်ကွမ်း မသိပေ။ အကြောင်းပြချက် ကောင်းကောင်းတစ်ခုမရှာနိုင် ဖြစ်နေရ၏။ ထပ်ပေါင်းစဉ်းစားကြည့်လျှင် သူ့ကြောင့် ဒီရိုက်ကူးရေးနေရာသို့ လာခဲ့သည်ဖြစ်ကြောင်း ရှကျစ်ကွမ်းသိသည်။

ဟွမ်ကျွင့်ကျယ်၏ လက်ထောက်အလုပ်ရှုပ်နေပုံကိုကြည့်ခြင်းဖြင့် စီစဉ်၍ လာခြင်းဖြစ်ပုံမရ။ အလုပ်များ ပစ်ထားခဲ့ခြင်း သို့မဟုတ် အလုပ်များကို တပါတည်း ယူခဲ့ပါမှသာ သူ့၏ အလုပ်များ မနှောင့်နှေးစေမှာဖြစ်သည်။ ယခုလဲ သူ၏ အတွေးများ မမှားခဲ့လျှင်တော့ ဟွမ်ကျွင့်ကျယ် အလုပ်လုပ်နေမည်မှာ သေချာသည်။ ဒါကြောင့် ရှကျစ်ကွမ်းသည်လည်း အလိုက်သိစွာ ဟွမ်ကျွင့်ကျယ် ပြန်လာသည်ကို စောင့်ဆိုင်းနေရန် ဆုံးဖြတ်၍ ဇာတ်ညွှန်းများကိုသာ ပြန်ဖတ်နေခဲ့သည်။

တစ်စတစ်စ ပိုမို အမှောင်ရိပ် စိုးမိုးလာသော ကောင်းကင်အား ကြည့်ကာ ရှကျစ်ကွမ်း စိတ်အစဉ်မှာလဲ ကောင်းကင်အရောင်နှင့် တစ်ထပ်ထဲလိုပင် ဖြစ်လာရသည်။ ညနက်နေပြီဖြစ်သော်လည်း ဟွမ်ကျွင့်ကျယ် သူ၏ အခန်းသို့ ပြန်မလာသေးပေ။ အလုပ်မပြီးသေးတာလား။ အိပ်ပျော်သွားပြီလား။ မဟုတ်မှ...ဟိုဘက်အခန်းမှာပဲ စန်းကောနှင့် အတူတူအိပ်တော့မည်လား။ မဖြစ်သေး။ တစ်ခုခုတော့ လုပ်မှ ရမည်။

ရှကျစ်ကွမ်း ဦးနှောက်အား အလုပ်ပြေးနေသော်လည်း လာအိပ်ဖို့ ပြောရန် ဆင်ခြေကောင်းကောင်းမရလာပေ။ ထို့ကြောင့် မထူးဇာတ်ခင်းကာ ဟွမ်ကျွင့်ကျယ်အား တိုက်ရိုက်မေးရန် ကျည်ဆံကိုက်၍ စာပို့‌လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Apr 09 ⏰

Add this story to your Library to get notified about new parts!

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now