Chapter - 7

269 50 4
                                    

- Unicode

ရှကျစ်ကွမ်းမှာ ကုမ္ပဏီမှ အထပ်တစ်ခုတွင် သူ့အေးဂျင့်ဖြစ်သူ ကျွင်းလန်ကျွယ်နှင့် တွေ့ကာ schedule များအတွက် ပြင်ဆင်‌ရန် ဆင်းကျန်ခဲ့သည်။

ဟွမ်ကျွင့်ကျယ်မှာတော့ အပေါ်ဆုံးထပ်မှ သူ၏ ရုံးခန်းကိုသွားကာ တစ်နေ့တာအတွက် လုပ်စရာရှိသည်များကို စတင်လုပ်ကိုင်နေသည်။

ရှကျစ်ကွမ်းသည် မနက်ဖြန်မှ စ၍ ရိုက်ကွင်းဝင်ရမည် ဖြစ်ရာ အစွန်ဘက်ကျသော ‌မြို့တစ်ခုသို့ သွားရပေမည်။

ထို့ကြောင့် ဟွမ်ကျွင့်ကျယ်အား သွားတောင် နှုတ်မဆက်လိုက်ရဘဲ ညနေပိုင်းတွင် ကျွင်းလန်ကျွယ်နှင့်အတူ အိမ်ပြန်ကာ လိုအပ်သည်များကို ထုတ်ပိုးပြီးသည်နှင့် ညဘက်တွင် စတင်ထွက်ခွာသွားသည်။

သေချာသည်ပေါ့။ သူ၏ ရည်းစားဖြစ်သူ ဟွမ်ကျွင့်ကျယ်အား သတင်းပေးရန်လဲ မမေ့ပေ။

ဟွမ်ကျွင့်ကျယ်မှာ နေ့လည်ပိုင်းတွင် သတင်းလက်ခံရရှိသည်နှင့် စိတ်အခြေအနေဟာ အောက်ဆုံးသို့ ထိုးကျသွားကာ မှောင်မိုက်နေသည်။

‌ဒေါသကြီးပြီး မြင်သမျှ အလိုမကျဖြစ်နေသော ဥက္ကဌဖြစ်သူအား စန်းလျိုချန် နားမလည်နိုင်တော့ပါ။ မနက်ခင်း ရုံးတက်ချိန်တွင် ပျော်ရွှင်ကြည်နူးနေသော ဥက္ကဌဟွမ်ကြောင့် ဒီနေ့တော့ အသက်ရှူချောင်နေတော့မည် ဟု ‌တွေးခဲ့မိသော အတွေးသည် ယခု‌တွင်တော့ ကြက်ပျောက်ငှက်ပျောက်ပင်။

"မင်းကို ဒီစာရင်းတွေကို တစ်နေ့က အပြီးအပ်လို့ ပြောထားရဲ့သားနဲ့ ဘာလို့ ဒီနေ့မှ ရောက်လာရတာလဲ ?!"

"အဲ့တာက အဲ့ဌာနက အဖွဲ့မှူးက မနေ့ကမှ လာအပ်လို့ပါ မနေ့က စာရင်းတွေ အရမ်းများနေတော့ စစ်ရမနိုင်မှာစိုးလို့ ဒီနေ့မှ ပြောင်းပေးတာပါ"

"အဲ့တာဆို ငါ့ကို ဒီနေ့ ပိုပြီး စစ်လိုက်တော့လို့ မင်းပြောချင်တာလား"

"မဟုတ်ပါဘူး ကျွန်တော် တောင်းပန်ပါတယ် ဥက္ကဌက မနေ့က ညနေ ၆ နာရီနောက်ဆုံးထား ပြန်မယ်ဆိုလို့ ကျွန်တော် တစ်ချို့ဟာတွေ ချန်ထားတာပါ"

"ထားလိုက်တော့ ဒီနေ့ ဒါတွေအကုန် ဒီမှာပဲ စစ်လိုက်တော့မယ် မင်း ရုံးချိန်ကျော်ရင် ပြန်ချင် ပြန်လို့ရတယ်"

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now