Chapter - 2

321 59 2
                                    

- Unicode

ဧည့်ခန်းအတွင်းရှိ ဝရံတာ‌ဘက်မှ မျက်နှာပေါ်သို့ ကျရောက်လာသော နေရောင်ခြည်သဲ့သဲ့ကြောင့် ဟွမ်ကျွင့်ကျယ်တစ်ယောက် နိုးလာခဲ့သည်။

စက္ကန့်ပိုင်းလောက် ကြောင်နေပြီး နေရာစိမ်းကို စူးစမ်းလေ့လာပြီးမှသာ မနေ့ညက ရှကျစ်ကွမ်းအား အိမ်သို့လိုက်ပို့ခဲ့မှန်း သတိရလေသည်။

လက်ပတ်နာရီအား တစ်ချက်လှမ်းကြည့်လိုက်ရာ 7 နာရီကျော်ဖြစ်နေ၏။ ဘာအသံမှမကြားရဘဲ တစ်အိမ်လုံး ငြိမ်သက်နေသည်ကို ကြည့်ခြင်းဖြင့် ရှကျစ်ကွမ်းတစ်ယောက် ခုထိ မနိုးလာသေးမှန်း သိသာလှသည်။

သေချာစေဖို့ ထကာ အိပ်ခန်းတံခါးကို အနည်းငယ်ဟကာ ချောင်းကြည့်လိုက်၏။

အသက်ရှူမှန်မှန်ဖြင့် အိပ်ပျော်နေသော ရှောင်ကွမ်းကို မြင်သော် နိုးလာလျှင် မနေ့က အရက်အ‌ရှိန်ကြောင့် အဆင်မပြေဖြစ်နေမည်ကို တွေးမိကာ တံခါးအသာပြန်စိလျက် မီးဖိုချောင်သို့ ဦးတည်လိုက်သည်။

ပစ္စည်းနည်းနည်းယူသုံးတာတော့ ဘာမှမဖြစ်ဘူးမလား၊ သူ့အတွက်ပဲ လုပ်ပေးမှာပဲကို သူငါ့ကို အပြစ်တင်လို့မရပါဘူး၊

ရေခဲသေတ္တာအား ဖွင့်ကာ ရှိသည်များကို ထုတ်လာခဲ့ရာ ကြက်စွပ်ပြုတ် လုပ်ဖို့ရာ လုံလောက်သော တန်ဆာပလာများရှိကြောင်း သတိထားမိလိုက်၏။

ဟွမ်ကျွင့်ကျယ်ဟာ ဟင်းချက်နည်းအချို့အား အမေ့ဆီမှ သင်ယူထားကာ တစ်ယောက်ထဲနေသော ကွန်ဒိုတွင်လည်း အမြဲတမ်းနီးပါး ချက်စားတတ်သည်မို့ လက်ရာဟာလဲ မဆိုးလှချေ။

ပြင်ဆင်ပြီးသည်နှင့် အချိန်ဟာ ၈ နာရီပင်ကျော်နေလေပြီ။ မိမိအိမ်သို့ပြင်ကာ ရေချိုးသန့်စင်ပြီး ကုမ္ပဏီအား သွားရမည်ဖြစ်ရာ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ အိပ်ခန်းထဲဝင်ကြည့်ရာ ရှောင်ကွမ်းမှာ မနိုးလာသေးသဖြင့် စားပွဲခုံပေါ်မှာ notepaper အထုပ်လေးထဲမှ တစ်ခုအား ထုတ်ကာ စာရေးထားခဲ့ဖို့သာ လုပ်လိုက်၏။

*မင်းအတွက် စွပ်ပြုတ်လုပ်ထားပေးတယ်၊ အရက်နာကျတာ ပျောက်အောင် စားပြီးမှ လာခဲ့*

တစ်စုံတစ်ယောက်ကို မတော်တဆ ချစ်ရေးဆိုမိသွားပြီ!!!Where stories live. Discover now