အခန်း(၄)

313 13 3
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (4)

အခန်း_၄(တစ်နေ့တာ စောင့်မျှော်ခြင်းတွေဟာ ငါ့အတွက် ရက်ဆက်ဖြစ်လာတဲ့အခါ
ပျော်ပိုက်ခြင်းတွေက ငါနဲ့အဝေးဆုံးမှာ)

" ဖန်းယုံရှစ်!
သေချာပေါက်သူပဲလေ
အဖေရဲ့အဘိုးလက်ထက်ကတည်းက ဖန်းအိမ်တော်ဟာ ရန်အိမ်တော်နဲ့ရန်ငြိုးရန်စရှိတယ်
အမြဲတစေ ရန်အိမ်တော်ကိုချောက်ချချင်နေတာ
အခွင့်အရေးရတိုင်းလည်း အဖေတို့အပေါ်မှာယုတ်မာတယ်
အဲ့တာက ဖန်းမျိုးရိုးစဉ်ဆက်အထိ ယုတ်မာလိမ့်မယ်လို့ဘယ်သူမှမထင်မှတ်ထားမိဘူးလေ
သူတို့လုပ်တယ်ဆိုတာသက်သေမရှိခဲ့လို့သာ "

စစ်သူကြီးရှန့်စွေကဆို၏

" သမီးအဖေရဲ့တည်နေရာကို ရန်သူတပ်ဆီသတင်းပေးတာကရော ဘယ်လိုသိတာလဲ "

" ဦးလေးတို့ပဲပြောလေ
သမီးအဖေက တိုက်ပွဲတိုင်းအောင် မဟာစစ်သူကြီး
သူနဲ့သူ့စစ်သည်တွေက ရှုံးပွဲမရှိခဲ့ဖူးဘူး
ဒါပေမယ့် ဒီတစ်ခေါက်မှာ ရန်သူတွေပိတ်ဆို့တာခံရပြီး
အတူပါသွားသမျှ စစ်သည် တစ်သောင်းလုံးသေတယ်ဆိုတာဖြစ်နိုင်ပါ့မလား "

" မဖြစ်နိုင်ဘူး "

" သေချာတာပေါ့ ဒါက အတွင်းသူလျှိုရှိနေလို့သာလေ
ပြီးတော့
စစ်သည်အားလုံးသေပြီး အဖေနဲ့အကိုတို့ပဲအသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုတာက ရှင်းနေတာပဲ
သူတို့အားလုံး အဖေနဲ့အကို့ကို အသက်ပေးပြီးကာကွယ်ပေးခဲ့ကြလို့လေ "

" အင်း အဓိပ္ပါယ်ရှိတယ် "

တပ်မှူးချုပ်ရှန့်ကျန်းက မှတ်ချက်ချလေသည်။

" ကောင်းပြီ ဒီသက်သေတွေကို
မနက်ဖြန်ညီလာခံမှာတင်သွင်းမယ်
အမတ်ချုပ်ဖန်း ဘယ်လိုငြင်းမလဲကြည့်ကြတာပေါ့ "

" ဦးလေး..!
သက်သေထွက်ဆိုမယ့်လူကိုလည်းသေချာကြည့်ရှု့စောင့်ရှောက်ထားပေးအုံး
ပြီးတော့ ဒီသတင်းကိုလုံးဝပေါက်ကြားလို့မရဘူး "

" အေးပါ ဦးလေးနားလည်ပါတယ်
ရှန့်စွေ.. ဒီနေ့ည အိမ်တော်ကိုလုံခြုံရေးတိုးမြှင့်ထားလိုက်
မင်းကိုယ်တိုင်ကင်းလှည့်ပါ
ရှန့်လီ.သားက ညီမလေးကိုကာကွယ်ပေးလိုက်ပါ "

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now