အခန်း(၆)

264 11 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (6)

အခန်း_၆(မင်းရဲ့အကြည့်တစ်ချက်နဲ့တင် ငါ့ရဲ့ ကမ္ဘာကြီးကို တောက်ပလင်းလက်စေနိုင်ပါတယ်)

< လေးနှစ်ခန့်ကြာသောအခါ >
"  တာ့စုန့်မြောက်ပိုင်းဒေသ ယုံကန်းတပ်ရင်း "

ညနေစောင်းအချိန်ဖြစ်သည်။
ဆောင်းဦးရာသီအစ၏နေဝင်ချိန်သည်
အလွန်တရာပင်လှပစွာ၊
ယိချူးတို့မှာ နေဝင်ချိန်ကိုရှု့စားရင်း စစ်စခန်း၏လေ့ကျင့်ရေးကွင်းပြင်၌ လက်နက်တွေကိုသန့်ရှင်းရေးလုပ်နေကြလေသည်။
ယိချူးမှာ သီချင်းလေးညည်းလျက်၊

🎵ရွှေဗဟိုရ်စည်သံမကြားရတဲ့အဝေးမှာ
တာဝန်လွယ်ကာစစ်ကြောင်းထွက်နေရ
ပြည်တော်မပြန်နိုင်တဲ့..မင်းခယောင်္ကျား
ကိုယ်ရယ်ပါ..ကိုယ်ရယ်ပါ..

ဘယ်ဆီကိုမျော်မှန်းပြီး လွမ်းရပါ့
နေရောင်မမြင်တဲ့ရိပ်ကြီးတောတောင်ကြား
တော်ရာမှာမပျော်သာတဲ့..မင်းခယောင်္ကျား
ကိုယ်ရယ်ပါ..ကိုယ်ရယ်ပါ..

မြင်းယာဉ်လေးနဲ့ညလေညှင်းခံကာ.အဖော်ပေါင်များနဲ့ ထွက်ကစားတဲ့အခိုက်မှာ
ကိုယ့်ရွှေမင်းသမီးလေး ယောင်လို့တောင်မှ
အဝေးရောက်တစ်ယောက်သောသူကို သတိရမလား..🎵

ထိုအပုဒ်အရောက်၌ စစ်သည်အားလုံးလိုလိုပင် ဟာမိုနီလိုက်ဆိုကြလေသည်။
ဤသီချင်းကား ယိချူးသင်ပေးထားသဖြင့်
နယ်စပ်စစ်စခန်းရှိ စစ်သည်အားလုံးနီးပါးပင်
အလွတ်ရနေကြပေပြီ။
ဒီမှာတော့ တရုတ်ဗားရှင်းပေါ့

🎵..တစ်ခါတစ်လေတော့လည်း..ဝမ်းတော့နည်းမိသား..မမြင်တာကြာလို့မေ့များသွားပြီလား
ပြည်တော်မပြန်နိုင်တဲ့..မင်းခယောင်္ကျား
ကိုယ်ရယ်ပါ..ကိုယ်ရယ်ပါ..🎵

"ချူးအယ်..ညီမလေးရေ..!
သတင်းကောင်းပါတယ်
ငါတို့တွေ မြို့တော်ကိုပြန်ရတော့မယ် "

ရန်ဝေကွမ်း၏စကားဆုံးသောအခါ ယိချူးအပါအဝင် စစည်သည်အားလုံးမှာ ဝေးကနဲအော်ဟစ်လျက် အံ့ဩဝမ်းသာစွာဖြင့်မေးလိုက်လေသည်။

_"တ.တကယ်လား "
_" ဟုတ်တယ် "

အစ်ကိုဖြစ်သူ၏စကားဆုံးသည်နှင့် ယိချူးမှာ နေရာမှလှစ်ခနဲပြေးထွက်သွားလေတော့သည်။

&quot; ဤကမ္ဘာ၏နှောင်ကြိုး &quot;(Completed)Where stories live. Discover now