အခန်း(၁၂)

205 9 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (12)

အခန်း_၁၂(ချစ်တတ်လာခြင်း၊ ရင်ခုန်တတ်ခြင်း မျှော်လင့်တတ်ခြင်း၊ နာကျင်တတ်ခဲ့ခြင်း အလုံးစုံဟာ မင်းတစ်ယောက်ဆီကနေ ပထမဆုံးသင်ယူခဲ့ရတဲ့အရာအကုန်မို့လို့ပါ )

" ဟင် အ..အတူတူလား
ကုတင်တစ်လုံးတည်းမှာလေ "

ယိချူး၏အမူအရာကြောင့် လီကျင်းချန်းကကြိတ်၍ရယ်မောလိုက်လေသည်။

" ခု ကိုယ်တို့ကချစ်လို့မှမရမကလက်ထပ်ယူထားကြတဲ့အခြေအနေလေ
အဲ့တော့ မင်္ဂလာဦးညမှာ အတူမအိပ်ရင်
သံသယဝင်စရာဖြစ်မနေဘူးလား
စိတ်ချပါ ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး
ကိုက်လည်းမစားဘူး
စိတ်ချလက်ချအိပ်"

" ဟုတ် "

ယိချူးမှာ လက်ဝတ်ရတနာများဖြုတ်နေစဉ်
အိပ်ယာအရင်ဝင်နှင့်သော လီကျင်းချန်းမှ
ရုတ်တရက်သတ်ရသွားဟန်ဖြင့်ဆိုလာလေ
သည်။

"အာ..! ဒါနဲ့ ကိုယ်အိပ်ပျော်နေတုန်း
တစ်ခုခု မဟုတ်တာတော့မလုပ်နဲ့နော် "

" အမယ်!
မလုပ်ပါဘူး စိတ်ချပါလို့ "

ယိချူးက နှာခေါင်းတစ်ချက်ရှုံ့လျက် အဖြစ်သည်းနေသော လီကျင်းချန်းအား
မျက်စောင်းထိုးလိုက်လေသည်။

" စိတ်ချရတာသေချာရဲ့လား
မင်းပဲပြောတာ လီကျင်းချန်းအပေါ်မှာပဲမရိုးမသားစိတ်ထားတာဆို
ခု ကိုယ်က အဲ့ဒီလီကျင်းချန်းပဲလေ "

လီကျင်းချန်းမှထိုသို့စနောက်လိုက်ရာ
ယိချူးက မျက်နှာပူစွာဖြင့်ပင် ကပျာကယာဖြေရှင်းရတော့သည်။

" အာ..အဲ့..အဲ့တာက ဒေါသထွက်လို့ပြောမိတဲ့စကားပါ
အတည်မယူနဲ့လေ "

ထိုအခါ လီကျင်းချန်းက တဟားဟားရယ်မောလိုက်လေတော့သည်။

နောက်တစ်နေ့မနက်မိုးလင်းသော် ပထမဆုံးနိုးထလာသူက ယိချူးပင်။
သူမမှာ အိပ်ယာနိုးသည်နှင့် မိမိကိုယ်ကို
သေချာစစ်ဆေးကြည့်မိလျှင် လောင်လီ၏ရင်ခွင်ထဲရောက်နေသည်ကိုသိရှိလိုက်ရလေသည်။
ရောက်နေသည်ဆိုတာထက် သူမကဝင်နေတာဖြစ်ပြီး သူမ၏လက်တစ်ဖက်က
လောင်လီ့အားဖက်တွယ်လျက်၊
ဦးခေါင်းကမူ လောင်လီ၏လက်မောင်းပေါ်၌
ထိုမျှနှင့်မကသေး သူမ၏ခြေတစ်ဖက်မှာလည်း လောင်လီ၏ပေါင်ပေါ်သို့တင်ထားလေသည်။

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now