အခန်း(၁၁)

212 9 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (11)

အခန်း_၁၁(မင်းရဲ့အကြည့်တစ်ချက်နဲ့တင် ငါ့ရဲ့ ကမ္ဘာကြီးကို တောက်ပလင်းလက်စေနိုင်ပါတယ်}

နောက်တစ်နေ့မနက်ရောက်သောအခါ
တာ့စုန့်မင်းကြီးမှာ ရှန့်လီ(လီကျင်းချန်း)တို့အား မင်္ဂလာပွဲအတွက်ခွင့်ပြုကြောင်း
အမိန့်မထုတ်ပြန်ခင်မှာပင်
ကျောက်ဝမ်ရှန်း နှင့် ဟန်လဲ့ရှင်းတို့အား
တော်ဝင်မင်္ဂလာပွဲကျင်းပကာ လက်ဆက်ပေးမည်ဖြစ်ကြောင်း မြို့တော်တစ်ခွင်လုံးသို့ကြောငြာလိုက်လေသည်။
၎င်းမှာ ယခုလိုပြုလုပ်လိုက်ခြင်းအားဖြင့်
သူ၏ဂုဏ်သိက္ခာနှင့်သားတော်၏အရှက်ရမှု့အားဖုံးကွယ်ထားလိုက်နိုင်ခဲ့သည်။

" ဟင့်အင်! သမီးလက်မခံနိုင်ဘူး
အိမ်ရှေ့စံနဲ့လက်မထပ်ချင်ဘူး
သမီးသဘောကျတာက အစ်ကိုရှန့်လီပါ "

" အေး အဲ့ကောင်က နင့်ကိုသဘောမကျဘူး
ဒါတင်မကသေးဘူး
သူက ရန်ယိကွမ်းသမီးနဲ့ပါလက်ထပ်တော့မှာ"

ဖခင်၏စကားကြောင့် ဟန်လဲ့ရှင်းမှာ
မယုံကြည်နိုင်စွာဖြင့် ထိုင်ရာမှထရပ်မိသည့်အထိ အံ့ဩသွားလေသည်။

" မဖြစ်နိုင်တာ
အဖေကဘယ်လိုသိတာလဲ "

" ဘယ်လိုသိရမှာလဲ
မင်းကြီးရှေ့မှောက်မှာ သူကိုယ်တိုင်ပြောသွားတာလေ
တကယ်လို့ သူနဲ့ရန်ယိကွမ်းသမီးတို့သာ
အရင်ထိမ်းမြှားသွားရင်
နင်..ဆက်ပြီး လူလုပ်လို့ရပါတော့မလား
ငါ့မျက်နှာဘယ်သွားထားရမလဲ ဟမ်
နင် ဒီအဖေကို လူတောထဲခေါင်းမဖော်နိုင်အောင်လုပ်ရမှကျေနပ်မှာလား
မင်းကြီးက အဖေတို့ဂုဏ်သိက္ခာကိုကယ်တင်ပေးနေတာပါ
သမီးနားမလည်တာလား "

ထုံးတမ်းရေးအမတ်မင်းမှာ သမီးဖြစ်သူအား
ချော့တစ်ခါခြောက်တစ်လှည့်ဖြင့် တောင်းပန်တိုးလျှိုနေလေသည်။

" သ..သမီး..!
သမီးလက်ခံပါတယ်
အဖေနဲ့အမေတို့ဆန္ဒအတိုင်း အိမ်ရှေ့စံနဲ့လက်ဆက်ပါ့မယ် "

ဟန်လဲ့ရှင်းမှာ ထိုသိူ့ပြောပြီးနောက်
သူမ၏အခန်းထဲသို့ပြေးဝင်သွားလေတော့
သည်။
ထို့နောက် သူမမှာခေါင်းအုံးပေါ်မျက်နှာအပ်လျက် ငိုကြွေးပါတော့သည်။
သူမမှာ ငိုယို၍အားရသောအခါ အလှဆုံးပြုံးလိုက်ရင်း
[ ရှန့်လီ..! ရှင် ကျွန်မကိုမရွေးချယ်ခဲ့တဲ့အတွက် နောင်တရစေရမယ်
ကျွန်မလိုချင်တာကိုပိုင်ဆိုင်သွားတဲ့ ရန်ယိချူးလည်း မပျော်ရွှင်အောင်လုပ်ပြမယ်
စောင့်ကြည့်နေလိုက်ပါ ]

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now