အခန်း(၈)

222 8 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (8)

အခန်း_၈(မင်းကလွဲပြီးမှီတွယ်ရာမရှိတဲ့ဒီကမ္ဘာမှာ မင်းကသာကိုယ့်ရဲ့အရာရာ)

" ကိုကြီး..!
ညီမကိုလက်မှတ်လေးထိုးပေးပါလား "

ဝပ်ရှော့မှာဆိုင်ကယ်လာပြင်တဲ့သူ့ကို
စကားလာပြောတဲ့ကောင်မလေး
ဆံပင်တိုနံ့နံ့ကိုမှ မျက်နှာမှာစက်ဆီတစ်ချို့ပေကျံနေသည်။
ကြည့်ရတာ အချိန်ပိုင်းအလုပ်လုပ်နေတာထင်ပါရဲ့
ငယ်ငယ်လေးရှိသေးတာကို သနားပါတယ်။
ထို့ကြောင့် အချိုသာဆုံးပြုံးပြရင်းမေးလိုက်မိသည်။

" အိုး.! မင်းက ငါ့ကိုသိတယ်ပေါ့ "

" ဒါပေါ့ ချစ်သူသူရဲကောင်းထဲကလေ
မင်းသမီးရဲ့ အချစ်ဦးနေရာမှာ
သရုပ်ဆောင်နေတဲ့အကိုကြီးမလား
အချစ်အတွက်အသက်ပေးသွားတဲ့လူငယ်လေး ထန်ပိုင်လေ "

" အားးရားး မင်းတကယ်ငါ့ကိုမှတ်မိတာပဲ
တော်လိုက်တာ "

ထန်ပိုင် !
ဒီဇာတ်ကောင်က သူ့ဘဝရဲ့ပထမဆုံး debut ဖြစ်ခဲ့ပြီး ယခုရက်ပိုင်းမှာပဲထုတ်လွှင့်ပြသနေတာပါ။
ဒီထဲမှာ သူက guest role အဖြစ်နဲ့
မီးနစ်ပိုင်းစာလောက်ပဲပါတာကို ဒီကလေးမက တန်းမှတ်မိတာအံ့ဩစရာ
ထိုကလေးမကဆိုလာပြန်သည်။

" မမှတ်မိစရာလား
ကိုကြီးက အရမ်းချောတာ
တစ်ခါမြင်ရင်တစ်သက်မမေ့နိုင်လောက်အောင်ချောတာကို "

" ဟားးး ချာတိတ်မ
မင်းက သိပ်မြှောက်တတ်တာပဲကွ
ဒါပေမယ့် မင်းပြောသလို လူတွေက ငါ့ကို
မမှတ်မိကြပါဘူးကွာ "

" အဲ့တာ သူတို့မျက်စိမပါလို့ပါ
စိတ်ချ ကိုကြီးက နောက်..အများကြီးနာမည်ကြီးလာပြီး စူပါစတားဖြစ်လာမှာ
မကြာခင်မှာတင် ကိုကြီးကိုလူတွေသိလာလိမ့်မယ်
ဒါကြောင့် ညီမကို လက်မှတ်ထိုးပေးလို့ရမလား "

" အိုကေ အိုကေ
ဘယ်မှာထိုးပေးရမလဲ? "

" ဒီမှာထိုးပေးပါ "

ထိုချာတိတ်မပေးလာသောအရာမှာ ခေါက်ပိုက်ဆံအိတ်လေးထဲက မိမိ၏ဓာတ်ပုံဖြစ်နေခဲ့သည်။
ဒီပုံက သူ..Model စလုပ်ခါစကပုံပါ
အပေါ်ပိုင်းဗလာကျင်းပြီး ဆစစ်ပတ်တွေနဲ့ပုံ
ထို့ကြောင့် အံ့ဩသွားမိရကား
ထိုဓာတ်ပုံနောက်ကျောမှာပင် လက်မှတ်ထိုးပေးခဲ့ရသည်။
အမှတ်တရအဖြစ် ကိုယ့်ဖုန်းနဲ့ဓာတ်ပုံတောင်အတူရိုက်ခဲ့သေးတယ်။
ဒင်းလေးက သူမျက်နှာညစ်ပတ်နေတယ်ဆိုလို့ ကိုယ်တိုင်သန့်ရှင်းပေးခဲ့ရသေး
ထိုနေ့က ထိုကလေးကိုသနားသဖြင့် ဘောက်ဆူးတောင်ပေးလိုက်သေးတယ်။
ချာတိတ်မနဲ့သူ စတွေ့ပုံကအဲ့လို
ထိုအချိန်က ချာတိတ်မပြောခဲ့သလိုပင်
ထို့နေ့နောက်ပိုင်းကစပြီး သူဟာသွားလေရာ
လူသိများနာမည်ကြီးလာခဲ့သည်။
ချစ်သူသူရဲကောင်းက ထန်ပိုင်ဆိုပြီး‌တော့ပေါ့
ထို့နေ့နောက်ပိုင်းကစလို့ ထိုဝပ်ရှော့မှာပဲ
ဆိုင်ကယ်ရေဆေးတာ ကားရေဆေးတာတို့သွားလုပ်ဖြစ်သည်။
နောက်မှသိရတာဟာ ချာတိတ်မတို့မိသားစုဟာဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းကလူချမ်းသာတွေဖြစ်ကြောင်းအထိပေါ့။
ထိုအကြောင်းတွေသိရတော့ ထိုနေ့ကဘောက်ဆူးပေးမိတဲ့ ကိုယ့်ကိုကိုယ်ရှက်မိသွားသေးတယ်။
အဲ့ဒီနောက်မှာတော့ ချာတိတ်မပြောသလို
သူဟာ စူပါစတားတစ်ယောက်ဖြစ်လာခဲ့သည်။
သူလဲနာမည်ရလာသဖြင့် ထိုဝပ်ရှော့ကိုထပ်မသွားဖြစ်တော့သလိုချာတိတ်ကိုထပ်မတွေရတော့
ယိချူး..! ထိုကလေးမဟာ သူ့ဘဝရဲ့လာဘ်ကောင်လေး၊
ထို့ကြောင့်မှတ်မှတ်ရရရှိနေတာ
အင်တာဗျူးဖြေတိုင်းလည်း သူမလေးအကြောင့်ထည့်ပြောမိသည့်အထိ
ဘယ်လောက်အထိလဲဆို သူမလေးနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံကိုဘောင်သွင်းပြီး အိပ်ယာဘေးစားပွဲပေါ်မှာထားမိသည့်အထိပါပဲ။
မနက်ခင်းနိုးထလာတိုင်း ယိချူးရဲ့မျက်နှာကိုမြင်ရင် တစ်နေ့တာအတွက်အားအင်အသစ်တို့ရလာမိသည့်အထိ။
သူမလေးကိုနောက်တစ်ကြိမ်လောက်ပြန်တွေ့ရဖို့အကြိမ်ကြိမ်ဆုတောင်းမိခဲ့တာ
ယခုတော့ ထိုယိချူးကိုယ်ပွားလေးကို ဒီဘက်ကမ္ဘာမှာထပ်တွေ့ရပြီ။
စိတ်ရှုပ်ဖို့ကောင်းတာတစ်ခုက ရှန့်လီမှာ
မိဘတွေသဘောတူထားတဲ့ သတို့သမီးလောင်းရှိနေတာပဲ
နဂိုကတော့စိတ်ထဲမထားမိပဲ ရေလိုက်ငါးလိုက်သရုပ်ဆောင်နေခဲ့သေးသည်။
တကယ်တမ်းလက်ထပ်ရမည့်အချိန်ရောက်တော့ စိုးရိမ်စိတ်စဝင်လာတာပဲ
ယိချူးက ချာတိတ်မအမှန်တကယ်ဖြစ်နေခဲ့ရင်ဟူသောအတွေး။
ကံကောင်းတာတစ်ခုက ထိုအချိန်နှင့်တိုက်ဆိုင်စွာ အိမ်ရှေ့စံကိုကယ်တင်းရင်း ဦးခေါင်း၌ထိခိုက်ဒဏ်ရာရခဲ့ရာမှ အတိတ်မေ့ချင်ယောင်ဆောင်ပြီး မင်္ဂလာပွဲဖျက်သိမ်းခဲ့လိုက်တယ်။
ခေါင်းကိုထိခိုက်ခဲ့တာ တကယ် ကံကောင်းသွားတယ်
မဟုတ်ရင် ဟန်လဲ့ရှင်းကိုသာလက်ထပ်လိုက်ရရင် ယိချူးနဲ့လွဲချော်တော့မလို့။
ယခုတော့ ထိုကလေးမဟာ ကိုယ့်ချာတိတ်မတကယ်ဖြစ်နေခဲ့သည်။
တွက်ချက်ကြည့်မယ်ဆိုပါက လွန်ခဲ့တဲ့(၄)နှစ် ဖျားနာပြီးသတိပြန်ရလာကတည်းကဖြစ်နိုင်တယ်။
[ငါကွာ ခုမှသိရတယ်လို့ အချိန်တွေနှမြောလိုက်တာ]
လီကျင်းချန်းကား နှမြောတသဖြစ်လျက်ရှိနေ၏။

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now