အခန်း(၁၃)

218 10 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (13)

အခန်း_၁၃(မင်းမရှိရင် ကိုယ်ဘယ်လောက်တောင်အထီးကျန်ဆန်လိုက်မလဲ..)

လီကျင်းချန်းတို့၏မင်္ဂလာပွဲအပြီး နောက်ရက်အနည်းငယ်၌ နန်းမြို့တော်နှင့်
နန်းတွင်းထဲ၌ ကောလဟလအငြင်းပွားမှု့ပြဿနာတစ်ရပ်ထွက်ပေါ်လာလေသည်။
၎င်းမှာ အိမ်ရှေ့စံနှင့်ယိချူး၏ မင်္ဂလာကိစ္စအားသိရှိထားကြသူတစ်ချို့ထံမှ စတင်ပျံ့နှံ့လာခြင်းပင်။
ထိုကောလဟလမှာ
ရန်ယိချူးက ရိုင်းစိုင်းသဖြင့် မိဖုရားခေါင်းကြီးမှကန့်ကွက်၍ မင်္ဂလာပွဲပျက်ပြယ်သွားသည်ဟူသောသတင်းပင်။
ထိုမျှနှင့်မကသေး ရန်ယိချူး၏ဂုဏ်သိက္ခာအတွက် ရှန့်လီမှလက်ထပ်ယူလိုက်သည်ဟူသောနောက်ဆက်တွဲသတင်းပါ ပျံ့နှံ့လာလေသည်။
အဆိုပါသတင်းအား ရှန့်အိမ်တော်ထိန်းနှင့်မော့လီမှာ မနက်ခင်းဈေးဝယ်သွားရာမှကြားသိလာကြတာပင်။
ထိုသတင်းနှင့်ပတ်သတ်၍ ယိချူးတို့မှာစိတ်ထဲမထားသော်လည်း ထိုက်ယန်မင်းသမီးကြီးမှာမူ များစွာစိတ်ဆိုးဒေါသထွက်လေသည်။
သို့နှင့် ထိုကိစ္စ၏စတင်ပြန့်ပွားရာ သတင်းအရင်းအမြစ်၏တရားခံအား စုံစမ်းပါတော့သည်။
ထိုအခါ ထိုသတင်းတွေ၏နောက်ကွယ်၌
မိဖုရားခါင်းကြီးနှင့် အိမ်ရှေ့စံမိဖုရားတို့ရှိနေမှန်းသိလိုက်ရလေသည်။
ထို့ကြောင့် ထိုက်ယန်မင်းသမီးကြီးမှာ
သူမ မဝတ်တာကြာပြီဖြစ်သော ‌တော်ဝင်
မင်းသမီးကြီးတစ်ပါး၏အဆောင်အယောင်များပြင်ဆင်ဝတ်စားကာ နန်းတော်သို့ဝင်လေသည်။
သူမရောက်သွားသောအခါ မိဖုရားခေါင်းကြီး၏နန်းဆောင်၌ ဟန်လဲ့ရှင်းပါအတူရှိနေသဖြင့်
[ကောင်းတာပေါ့
နှစ်ယောက်စလုံးကိုတပြိုင်နက်သတိပေးလိုက်ရင် ငါလဲပါးစပ်ညောင်းသက်သာတာပေါ့ ]ဟုတွေးမိလိုက်လေသည်။

" ယောက်မတော်ပါလား
လာပါ မလာစဖူးအလာထူးလို့
အဆောင်အယောင်အပြည့်နဲ့ပါလား
ညီလာခံလာတက်တာလား "

" မဟုတ်ဘူး မိဖုရားခေါင်းကြီးဆီပဲလာတွေ့တာပါ "

ထိုစကားကြောင့် မိဖုရားခေါင်းကြီးမှာ
အနည်းငယ်တော့ထိတ်လန့်သွားရလေသည်
သို့သော်ဟန်မပျက်စေပဲမေးမြန်းလိုက်လေသည်။

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Donde viven las historias. Descúbrelo ahora