အခန်း(၁၇)

212 9 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (17)

အခန်း_၁၇(ကိုယ် သူ့ကိုဘယ်လောက်မြတ်နိုးခဲ့တဲ့အကြောင်း ချည်နှောင်ဖူးတဲ့ ကြိုးနီလေးကပြောပြပါလိမ့်မယ် )

" ဒေါက်တာ..!
ကျွန်မသမီးလေး ခုထိဘာလို့သတိမရသေးတာလဲ
ဒေါက်တာပြောတော့ ကြီးကြီးမားမားထိခိုက်မိတာမရှိဘူးဆို
ခု ခြောက်လတောင်ရှိနေပြီ
တစ်ခုခုများမှားနေတာလား "

" ကျွန်တော်တို့ဘက်က အမှားအယွင်းမရှိအကောင်းဆုံးကြိုးစားပြီးပါပြီ
ခင်ဗျားတို့လည်းမြင်တာပဲ သူမရဲ့နှလုံးခုန်နှုန်းမှာ ဘာပြဿနာမှမရှိဘူးလေ
သူမမှာ ခေါင်းနည်းနည်းထိခိုက်မိလို့ချုပ်ရတာရယ်
လက်ကျိုးတာရယ်ကလွဲရင် ဘာမှကြီးကြီးမားမားထိခိုက်မိတာမရှိဘူးလေ
ခုထိ ဘာလို့သတိမရသေးတာလဲဆိုတာကတော့ ဘုရားသခင်ပဲသိလိမ့်မယ် "

တာဝန်ကျဆရာဝန်၏စကားကြောင့်
ပိုင်ယိချင်းမှာ ဒေါသထွက်သွားရကာ အနှီး
ဆရာဝန်၏ဂျူတီကုတ်ကိုဆွဲကိူင်လျက်
ရန်တွေ့ပါတော့သည်။

" ရှင်..ဘာစကားပြောလိုက်တာလဲ
တာဝန်မဲ့လှချည်လား
ခုချက်ချင်း ဆေးရုံအုပ်ကိုခေါ်ပေး "

" မိန်းမ
တောင်းပန်ပါတယ် ဒေါက်တာ
ကျွန်တော့်ဇနီးကစိတ်ထိခိုက်နေလို့ပါ "

ယန်ကျစ်ယွီက အားနာသွားရလျက်
တာဝန်ကျဆရာဝန်အား တောင်းပန်စကားဆိုလိုက်လေသည်။

" ရပါတယ် ဒါရိုက်တာယန်
ကျွန်တော်နားလည်ပါတယ် "

" ချူးချူး..! သမီးရယ်
သတိရပါတော့ အမေရင်ကျိုးအောင်မလုပ်ပါနဲ့နော် "

"မားးး စိတ်ထိန်းပါဗျာ
စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ရအောင်ပါ နော် "

ယန်ယိလျိုမှာ မိခင်ဖြစ်သူအားဖျောင့်ဖျကာ
ထိုင်ခုံ၌ထိုင်စေလိုက်လေသည်။
သူ၏စိတ်ထဲ၌လည်း မမသာပြန်လည်သတိ
ရလာပါက အရင်လိုရန်မဖြစ်ပဲချစ်ခင်ကြင်တာစွာဆက်ဆံတော့မည်ဟုတွေးလျက်ရှိလေသည်။

" ချူးချူး..သမီး..!
မေ့သမီးလေး မြန်မြန် နိုးထပါတော့ကွယ် "

" ယောင်္ကျား..!
ထ..ထ ကြည့်စမ်းပါဦး
ကျွန်မ..ကျွန်မတို့သမီးလေးငိုနေတယ်
ယိလျို..သား...ပါမောက္ခကျင်းကိုသွားခေါ်ချေ "

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now