အခန်း(၁၅)

274 6 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (15)

အခန်း_၁၅(တရေးနိုးညတွေမှာတောင် ယောင်ယမ်းပြီး ငါညည်းမိတယ် "မင်းကိုချစ်တယ် ")

"ရှောင်ပေါင်..!
ကိုယ်တို့ တကယ့်ဇနီးမောင်နှံအစစ်လုပ်ကြမလား "

" အာ..ရူးနေလား
မ..မဖြစ် မဖြစ်ဘူး "

ယိချူးကအထိတ်တလန့်ဖြင့်ထအော်ပါတော့သည်။
ထိုမျှနှင့်မကသေး လီကျင်းချန်း၏ရင်ခွင်ထဲကပါထွက်သွားလေသည်။

" ဘာလို့လဲ ?"

" ဘာလို့လဲတဲ့လား
အဲ့ဒီမေးခွန်းကို ကိုကြီးတကယ်ပဲမသိတာလား
ခု ကျွန်မတို့ကဘာလဲ ဘယ်လိုပတ်သတ်နေတာလဲ
ဟန်ဆောင်နေတာလား
မချစ်ပဲနဲ့ ခင်ဗျားကြီး ကျုပ်ကိုကစားနေတာလား?"

ယိချူးမှာပြောရင်း ဒေါသသံပါလာကာ
မျက်ရည်တွေပါဝဲတက်လာခဲ့သည်။

" အရူးရ မချစ်ပဲခုလိုလုပ်ပါ့မလား
ချစ်လို့မှ မင်းနဲ့ခုလိုဖက်ရမ်းနမ်းရှုပ်
အတူနေ ဟိုဒင်းချင်တာပေါ့ကွ "

လီကျင်းချန်းသည်လည်းစိတ်ပေါက်ပေါက်ဖြင့် ထအော်ပါတော့သည်။
ထိုအခါ ယိချူးက ခပ်ဟဟရယ်မောလိုက်
လေသည်။

" အာ..!
ကျွန်မက သရုပ်ဆောင်တယ်ထင်နေတာ
လတ်စသတ်တော့ ဆရာလီက ချစ်တယ်လို့ပြောဖော်ရသေးတာပဲ "

" မခနဲ့နဲ့ကွာ "

ထိုနေ့ညကတော့ ယိချူးအားချော့မော့၍မရသဖြင့် ညအချိန်မတော်မှ ကိုယ့်အဆောင်ကိုယ်ပြန်လာခဲ့ရသည်။
ဒါဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်
မိန်းကလေးတစ်ယောက်စိတ်ကောက်တာကိုချော့ဖူးခြင်းပင်။

_____________________________

" ရှောင်ပေါင်..!
ကိုယ်ပြောတာစဉ်းစားပေးပါကွာ နော် "

မနက်မျက်လုံးဖွင့်သည်မှစ၍ သူမသွားလေရာနောက်သို့ တကောက်ကောက်လိုက်ပါလျက် တတွတ်တွတ်ပြောဆိုနေပါသော
လောင်လီ။
မကြားချင်ယောင်ဆောင်လည်းမရ
အိမ်တော်ကလူတွေက‌တော့ပြုံးစိစိ၊
မိန်းမကိုလိုက်ချော့နေတယ်ပဲမြင်နေကြတာ
မော့လီတို့တောင်ရှောင်ပေးသွားကြတယ်။

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now