အခန်း(၁၆)

189 8 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (16)

အခန်း_၁၆(ငါ့တစ်သက်တာ မင်းစိတ်နဲ့ပဲပျော်မွေ့နေချင်တယ် အရာရာဟာမင်းဖြစ်တယ် )

ဤရက်တွေအတွင်း၌ လီကျင်းချန်းမှာ
ယိချူး၏စိတ်ရောကိုယ်ပါလက်ခံရရှိပြီးနောက် များစွာပျော်ရွှင်နေလေသည်။
၎င်းမှာ လီကျင်းချန်းဘတကိုမေ့လျော့ကာ
ရှန့်လီအဖြစ်နဲ့သာ ဤကမ္ဘာ၌နေထိုင်သွားချင်လာမိသည့်အထိပင်။
ဤသို့ သူတို့၏သာယာနေသောဘဝလေးထဲသို့ စစ်ပွဲဟူသောသတင်းဆိုးက ဝင်ရောက်ဖျက်ဆီးပစ်လိုက်လေသည်။
ထိုသတင်းမှာ လျောင်တို့သည် တာ့စုန့်မြောက်ဖျားပ်ိုင်းကိုသိမ်းယူလိုက်ပြီဟူသော
သတင်းပင် ။

ထိုကိစ္စနှင့်ပတ်သတ်၍ နန်းတွင်းညီလာခံ၌
အငြင်းပွားကြလေသည်။

အမတ်ချုပ်ဖန်း_" ဒီလောက်ထိအခြေအနေဆိုးသွားရလောက်အောင် ငါတို့ဘက်ကလွှတ်ထားတဲ့သူလျှိုတွေကဘာလုပ်နေကြတာလဲ "

တပ်မှူးချုပ်ရှန့်ကျန်း_" ဒီလိုဖြစ်ရတာက
ပေဟန်တွေပါ လျောင်တွေဘက်ပါသွားကြလို့ပါ
အသေခံထောက်လှမ်းရေးသူလျှိုကတော့
အသက်ပေးသွားပါပြီ "

" အစကတည်းက ဒီပေဟန်တွေကိုစိတ်ချမထားသင့်တာ
စစ်သေနာပတိချုပ်ရန်ယိကွမ်၊ တပ်မှူးချုပ်ရှန့်ကျန်း၊ လက်ယာစစ်သူကြီးရှန့်စွေ
အားလုံးအမိန့်နာခံကြ "

မင်းကြီး၏ခေါ်သံအဆုံး အားလုံးပင်ရှေ့ထွက်လာကာ ဒူးထောက်ခစားလိုက်ကြလေသည်။

" နာခံလျက်ပါ "

" ချက်ချင်းတပ်တွေစုစည်းပြီး မြောက်ပိုင်းကိုစစ်ချီမယ်
နှောင့်နှေးကြန့်ကြာခြင်းမရှိစေရ
တာဝန်ကိုခေါင်းရှောင်သူ ကွပ်မျပ်မယ် "

မင်းကြီးမှအဆုံးအဖြတ်ပေးကာ အမိန့်တော်ချမှတ်လိုက်လေသည်။

" အမိန့်တော်အတိုင်းပါ "

တာ့လျောင်၏ချီတန်များမှာ မြောက်ဖျားပိုင်းနယ်စပ်တင်မက မြောက်ပိုင်းပြည်နယ်ထိုက်ယွမ်အထိပါကျူးကျော်သိမ်းယူလိုက်ပြီဖြစ်ရာ တာ့စုန့်မြောက်ပိုင်းမှာ လွန်စွာအန္တရယ်ကျရောက်နေပေသည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်ရှိ တာ့စုန့်စစ်သည်တော်များမှာ မြောက်ပိုင်းဒေသအား
ကာကွယ်ရန်မနားတမ်းချီတက်နေကြရသည်
ယခုအကြိမ်၌ စစ်ပွဲမှာပြင်းထန်သည်ဖြစ်ရာ
ရန်ယိကွမ်းတင်မက ရှန့်ကျန်းတို့အထိပါ
စစ်မြေပြင်သို့သွားရောက်နှိမ်နှင်းရတော့
သည်။
ထိုအခါ လီကျင်းချန်းသည်လည်းမနေရတော့ ဖခင်ရှန့်ကျန်းနှင့်အတူလိုက်ပါရန်
အ‌ကြောင်းဖန်လာတော့သည်။

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now