Part -1

408 31 6
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းမရလို့ ဖြည့်ဖတ်ပေးပါ)

"ဘေးဖယ်စမ်းပါ! စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

"ငါ..ငါတောင်းပန်ပါတယ် ငါ့ကိုထပ်မအော်ပါနဲ့"

ကန်တင်းတစ်ခုမှာ ထမင်းတူတူစားနေရင်း ဂျယ်ယွန်းက ဆောင်ဟွန်း ပါးစပ်ကို တစ်ရှူးနဲ့လှမ်းသုတ်ပေးခြင်းသာဖြစ်သည်။ ဆောင်ဟွန်းအတွက်သူက အဲ့လောက်တောင် စိတ်ရှုပ်ဖို့ကောင်းနေတာလား။

ဆောင်ဟွန်းက ဘာမှမပြောပဲ ဂျယ်ယွန်းကိုတစ်ယောက်ထဲထားကာ ထထွက်သွားတယ်။

"ဆောင်ဟွန်း ငါ့ကိုစောင့်ပါအုံး"

ဂျယ်ယွန်းနဲ့ဆောင်ဟွန်းက ရည်းစားတွေဆိုပေမဲ့ ဆောင်ဟွန်းက ဂျယ်ယွန်းကို တကယ်မချစ်။ ဒါကိုလဲ ဂျယ်ယွန်းက သိသည်။ သို့သော် ဆောင်ဟွန်းကို ချစ်တဲ့စိတ်ကြောင့်သာ ထွက်မသွားပဲ တွယ်ကပ်နေသည်။ ဆောင်ဟွန်းကို သဘောကျလာတာ 3နှစ်လောက်တောင်ရှိပြီ။ ဆောင်ဟွန်းကတော့ မယုံဘူးတဲ့လေ။

ဆောင်ဟွန်းနောက်ကိုမှီအောင် လိုက်ပေမဲ့ ဆောင်ဟွန်းက လုံးဝ မစောင့်ခဲ့ဘူး။

"ဆောင်ဟွန်း! ခဏ စောင့်ပါအုံး"

ဆောင်ဟွန်းက လုံးဝလှည့်မကြည့်ခဲ့ဘူး။

ညနေဘက်ကြတော့ ဆောင်ဟွန်းနဲ့တူတူပြန်ဖို့ စောင့်နေခဲ့ပေမဲ့ ဆောင်ဟွန်းက သူ့ကိုကျော်ပြီး ထွက်သွားတယ်။

"ဆောင်ဟွန်း! တူတူပြန်ရအောင်"

"ငါချိန်းထားတာရှိတယ်"

ဂျယ်ယွန်းသိတာပေါ့ ယူနာဆိုတဲ့ ကောင်မလေးနဲ့သွားတွေ့တယ်ဆိုတာ။ ယူနာက ဆောင်ဟွန်းရဲ့အချစ်ဦးဖြစ်ပြီ ယူနာက ဆောင်ဟွန်းကို ခဏခဏ တွေ့ဖို့ခေါ်တယ်။ ဆောင်ဟွန်းကလဲ ခေါ်တဲ့အချိန်တိုင်း ဂျယ်ယွန်းကိုထားခဲ့ပြီး ထွက်သွားတယ်။
အခုလဲ ထားခဲ့ပြန်ပြီ။

ည 11 လောက်ကြတော့ ဂျယ်ယွန်း တံခါးခေါက်သံကြားလို့ထွက်ကြည့်လိုက်တော့ ဆောင်ဟွန်း။ ဂျယ်ယွန်းတံခါးဖွင့်ပေးလိုက်တော့ ဆောင်ဟွန်းက အတင်းလာဖက်တယ်။ အရက်နံ့တွေကလဲ ထွက်နေတယ်။

He's Mine // JakeHoonWhere stories live. Discover now