Part - 4

202 21 9
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းမရလို့ ဖြည့်ဖတ်ပေးပါ)

ဂျယ်ယွန်း နိုးလာတော့ သူ့ဘေးမှာအိပ်နေတဲ့ ဆောင်ဟွန်းရဲ့ မျက်နှာချောချောကို မြင်ရတယ်။ ဆောင်ဟွန်းရင်ခွင်ကျယ်ကြီးထဲမှာ ဂျယ်ယွန်းလေးက နစ်မြုပ်နေခဲ့တယ်။ ဆောင်ဟွန်း ကိုယ်သင်းရနံ့လေးကိုသဘောကျတယ်။ ဆောင်ဟွန်း နှာတံနဘေးက မှည့်နက်လေးကိုသဘောကျတယ်။ ဆောင်ဟွန်းရဲ့ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးကိုသဘောကျတယ်။ ဆောင်ဟွန်းရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကိုသဘောကျတယ်။ ကုန်ကုန်ပြောရရင် ဆောင်ဟွန်းရဲ့ အရာရာတိုင်းကိုသဘောကျတယ်။ ဂျယ်ယွန်း ဆောင်ဟွန်းကို ထက်မချစ်တော့ဘူးလို့ ဂျောင်ဝန်းကို ကတိပေးခဲ့ပေမဲ့ ကတိမတည်နိုင်ခဲ့ဘူး။ ဆောင်ဟွန်းကို နောက်တစ်ကြိမ်ထပ်ပြီး ချစ်မိသွားပြန်ပြီ ထင်ပါရဲ့။ ဒီတစ်ခါတော့ ဆောင်ဟွန်း စိတ်ပျက်စေမဲ့အရာတွေကို လုံးဝမလုပ်တော့ဘူးလို့ ဆုံးဖြတ်မိသည်။

"ခွေးပေါက်လေး"

"ဟွန်"

"နိုးနေတာကြာပြီလား"

"ဟင့်အင်း မကြာသေးဘူး"

"ဗိုက်ဆာနေပြီလား မောင့် ကလေးလေး"

"မောင့် အနမ်းတွေ ဆာနေတာမောင်ရဲ့"

"ဟားဟား ဟုတ်ပါပြီ အတတ်လေးရယ်"

ဂျယ်ယွန်းတို့ တူတူ မနက်စာစားနေကြတုန်း ယူနာရောက်လာခဲ့တယ်။
(လာရာလမ်းအတိုင်း လှည့်ပြန်ပေးပါ)

"ဆောင်ဟွန်း မနက်စာစားနေတာလား ဘာလို့ ယူနာ့ကို မခေါ်ရတာလဲ"

"ခေါ်ဖို့လောက်ထိ အားမနေလို့"

"သူ့က ဟိုတစ်ခေါက်က ကန်တင်းမှာတွေ့ခဲ့တဲ့ကောင်လေးမလား"

"ဟုတ်တယ်"

"ငါလဲ တူတူစားမယ်လေ"

"ငါတို့ပြန်တော့မှာ ယူနာ"

"ဆောင်ဟွန်း နင်အရမ်းစိမ်းကားတာပဲ"

"အဲ့လိုမဟုတ်ပါဘူး"

ဆောင်ဟွန်းနဲ့ ယူနာစကားပြောနေတုန်း ဂျယ်ယွန်းက ငေါက်ခနဲ ထထွက်သွားတယ်။

He's Mine // JakeHoonWhere stories live. Discover now