Part - 6

134 20 1
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းမရလို့ဖြည့်ဖတ်ပေးပါ)

အမြဲကောက်နေတဲ့ကောက်စိန်လေးအား ဒီနေ့တော့ ကောက်ခွင့်မပေးပဲ ဆောင်ဟွန်းက အရင်စိတ်ကောက်သည်။

အကြောင်းကတော့ ဂျယ်ယွန်းက သူ့နိုင်ငံခြားက ချင်းဂု ပြန်လာတာကြောင့် လျှောက်လည်နေပြီး သူ့ကိုပလစ်ထားလို့ပင်။ ဂျယ်ယွန်း သွားသမျှနောက်ကနေလိုက်နေပေမဲ့ဂျယ်ယွန်းနီးက အဖက်တောင်မလုပ်ပဲ လျစ်လျှူရှုထားသည်။ ပတ်ဆောင်ဟွန်းတစ်ယောက်စိတ်ဆိုးပြီး ရုပ်က ဆူပုတ်နေပေမဲ့ ဂျယ်ယွန်းက သတိမထားမိချေ။ ပြန်တော့လည်း ဆောင်ဟွန်းဘေးမှာမထိုင်ပဲ သူ့ချင်းဂုနဲ့ အနောက်မှာသွားထိုင်တဲ့ ခွေးပေါက်စ ကို ဆောင်ဟွန်း စိတ်ဆိုးတာရော စိတ်တိုတာပါ ရောပြီး မျက်နှာက 7ခေါက်ချိုး 8ခေါက်ချိုးဖြစ်နေသည်။

သူ့ချင်းဂုကို ပြန်လိုက်ပို့ပြီးတော့မှ ကားရှေ့ခန်းပြန်ပြောင်းထိုင်သည်။ ဒီကလေးပေါက်စကို ဆောင်ဟွန်း ဘာဆိုဘာမှမပြောချင်တော့ပါ။ သူ့ချင်းဂုဆိုတဲ့ လူရဲ့ မျက်လုံးတွေက မရိုးသားတာကြောင့် ဆောင်ဟွန်းသဝန်တိုသည်။

"မောင် ရုပ်က ဆူပုတ်နေတာပဲ ဘာဖြစ်လို့လဲ"

"..."

"မောင် ငါ့ကိုစိတ်ဆိုးနေတာလား"

"..."

"ဘာလို့လဲမောင်ရဲ့
အာ...သိပြီ မောင့်ကို ပစ်ထားမိလို့မလား"

ဆောင်ဟွန်း ခေါင်လေးလှုပ်ရုံသာ ညိမ့်ပြသည်။ အိမ်ရောက်နေပြီမို့ ဆောင်ဟွန်းက ကားပေါ်ကချက်ချင်းဆင်းပြီး အပေါ်တက်ကာ အကျီလဲပြီး ကုတင်ပေါ်မှာ ရုပ်တည်ကြီးနဲ့ထိုင်နေတယ်။ ဂျယ်ယွန်းလဲ အကျီလဲပြီး စိတ်ဆိုးနေတဲ့ ဆောင်ဟွန်းကိုချော့ပါတော့တယ်။

"မောင်ကလည်းနော် ကလေးကျလို့
သူက ငါ့ချင်းဂုလေ သူနိုင်ငံခြားထွက်သွားထဲကမတွေ့ရတာ 5နှစ်လောက်ရှိပြီ အဲ့ဒါအခုမှပြန်တွေ့လို့ပျော်ပြီး မောင့်ကိုမေ့သွားတာ"

"မောင့် ကိုမေ့တယ်ပေါ့"

သူ့ကိုမေ့တယ်လဲပြောရော ဆောင်ဟွန်း မျက်ရည်တွေ ဝဲတတ်လာပါရော။

He's Mine // JakeHoonWhere stories live. Discover now