Part - 5

155 21 1
                                    

(တစ်ချို့ စာလုံးတွေ uni နဲ့ပေါင်းလို့မရလို့ ဖြည့်ဖတ်ပေးပါ)

ဂျယ်ယွန်းတို့ အခုဆိုနေ့တိုင်းတူတူကျောင်းသွားဖြစ်တယ်။ ဆောင်ဟွန်းက မနက်တိုင်းကျောင်းသွားဖို့လာခေါ်ပြီး ကျောင်းဆင်းရင်လည်း အိမ်ကိုအရောက်ပြန်ပို့ပေးတယ်။ မနက်စာ နေ့လည်စာ ညစာ တွေအထိအတူတူစားဖြစ်ခဲ့ကြတယ်။ ကျောင်းပိတ်ရက်တွေတောင် အရမ်းလွမ်းနေလို့ပါဆိုပြီး ဆောင်ဟွန်းက အိမ်ကိုအမြဲရောက်လာတတ်သည်။ အိုမားတို့ကလဲ ဆောင်ဟွန်းကိုသိပ်သဘောကျသည်။ ဆောင်ဟွန်းအိုမားတို့ကလည်း မိန်းကလေးထက်တောင် သိမ်မွေ့ပြီးယဥ်ကျေးတဲ့ဂျယ်ယွန်းကိုသိပ်ချစ်ကြသည်။ နှစ်ဖက်မိဘတွေက သူတို့သားတွေထက် သမက်တွေကို ပိုလို့တောင် သည်းသည်းလှုပ်နေကြသေးသည်။

ဒီနေ့တော့ ပျော်လို့မရနိုင်ပါ ဆောင်ဟွန်းက ကား accident ဖြစ်ပြီးဆေးရုံရောက်နေလို့ပင်။ ထိုနေ့က ကျောင်းအပြန် ကားတစ်စီးက သူတို့ကားကို အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်လိုက်ခြင်း ကြောင့်ဖြစ်သည်။ ထိုကားမောင်းတဲ့လူက မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့သည်။ ထိုမိန်းကလေးကတော့ ထွက်ပြေးသွားခဲ့သည်။ ဆောင်ဟွန်းက ဂျယ်ယွန်းမထိခိုက်အောင်ကာပေးလိုက်တာကြောင့် ဂျယ်ယွန်းကတော့ ဘာမှထိခိုက်ခြင်းမရှိပေ။ ဆောင်ဟွန်းကတော့ ခေါင်းထိသွားခဲ့သည်။ ဆရာဝန်ပြောတာတော့အတိတ်မေ့နိုင်ချေရှိသည်တဲ့လေ။ ဂျယ်ယွန်း အရမ်းစိတ်ပူသွားသည်။ ဆောင်ဟွန်းသာ သူ့ကိုမေ့သွားရင် သူနေနိုင်ပါ့မလား။ ဂျယ်ယွန်း တွေးနေရင်း မျက်ရည်တွေဝဲလာခဲ့သည်။ ညဘက်ကြီးမို့ မိဘတွေကလည်း မရှိ။
ထိုအချိန် ပူနွေးနွေးလက်တစ်စုံက သူ့လက်ကို စုပ်ကိုင်လာတာကြောင့် လန့်သွားခဲ့သည်။

"မောင်..မောင် နိုးလာပြီလား"

"အင်း မောင့်ကလေးလေး မောင့်ယွန်းလေးအဆင်ပြေရဲ့လား"

"မောင်..မောင်ငါ့ကို မှတ်မိတယ်ပေါ့"

"မှတ်မိတာပေါ့ ကလေးလေးရဲ့ ဘာလို့လဲ"

"မောင် ယူနာ့ကိုသိလား"

"ဘယ်သူလဲ ယူနာက မောင်မသိဘူး"

He's Mine // JakeHoonWhere stories live. Discover now