Part - 3 (waring🔞)

370 26 10
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းမရလို့ ဖြည့်ဖတ်ပေးပါ)

ဂျယ်ယွန်းက တကယ် စိတ်ပျက်သွားတာထင်တယ် ဆောင်ဟွန်းကိုယောင်လို့တောင်လှည့်မကြည့်သလို စကားလဲလာမပြောဘူး အမြဲရှောင်နေခဲ့တယ်။ ဆောင်ဟွန်း ဂျယ်ယွန်းမရှိတဲ့ အခြေအနေကြီးကို နေသားမကျချေ။

"ကျစ် ငါဘာလိုနေမှန်းကိုမသိဘူးကွာ"

"မင်း ဂျယ်ယွန်းကိုလိုနေတာ"

ဟုတ်တယ် သူဂျယ်ယွန်းကိုလိုအပ်နေခဲ့တာ။

ဆောင်ဟွန်းအခုရက်ပိုင်း ညဘက်တွေမအိပ်ဖြစ်ဘူး ဂျယ်ယွန်းအကြောင်းကိုတွေးနေရင်းပဲ မိုးလင်းခဲ့တဲ့ ရက်တွေမှ အများကြီးပဲ။ ဂျယ်ယွန်းကို ပြန်လိုချင်နေခဲ့တာ။ တကယ်တန်ပြန်တွေးကြည့်ရင် အရင်လို အနားမှာ တွယ်ကပ်နေပေးမဲ့ ခွေးပေါက်လေး မရှိတော့ဘူးပဲ ဆိုတဲ့အတွေးနဲ့တင် ဆောင်ဟွန်း မျက်ရည်တွေဝဲတက်လာခဲ့တာ။ အရင်လို နိုးတာနဲ့ "မောနင်း" လို့ပို့ထားမဲ့ လူမရှိတော့ဘူး။ ညမိုးချုပ်ရင်လဲ စောစောအိပ်ဖို့နဲ့ နောက်ကျတဲ့ထိမနေဖို့ ပြောမဲ့လူလဲမရှိတော့ဘူး။ အမြဲစိတ်ပူပေးပြီးဂရုစိုက်ပေးတဲ့ဂျယ်ယွန်းမရှိတော့ဘူး။ ဆောင်ဟွန်း ဂျယ်ယွန်းကို အရမ်းလွမ်းနေခဲ့ပြီး သူမှားခဲ့တာတွေကြောင့်လဲ နောင်တရနေခဲ့တယ်။ ပြတ်သွားတဲ့ အတောအတွင်း ဆောင်ဟွန်း အချိန်ချိန်ပြိုလဲခဲ့ရတာ။ သူပြိုလဲနေခဲ့တာ ဂျယ်ယွန်း သူ့ကြောင့် ပြိုလဲခဲ့တာလောက်မဆိုးဘူးလို့တွေးပြီးသာ ရှေ့ဆက်ခဲ့ရတာ။

ဂျယ်ယွန်းကိုရှာဖို့ထွက်လာတော့ ဂျယ်ယွန်းက ထိုကောင်လေးနဲ့အတူရှိနေပြန်တယ်။

"ကိုကို ကျတော်သွားတော့မယ်"

"ဟုတ်ပြီ ကလေးလေး"

သူ့ကောင်လေးထွက်သွားတော့ ဆောင်ဟွန်း ဂျယ်ယွန်းလက်ကို အားနဲ့စောင့်ဆွဲကာ ကားမောင်းထွက်လာလိုက်တယ်။

"ဆောင်ဟွန်း ဒါဘာလုပ်တာလဲ"

"..."

"ဆောင်ဟွန်း! ဘယ်ကိုသွားနေတာလဲ"

"..."

ဟိုတယ် တစ်ခုရှေ့မှာရပ်ပြီး အခန်းယူကာ အခန်းထဲရောက်တော့ ဂျယ်ယွန်းကို အိပ်ရာပေါ် တွန်းချလိုက်ကြီး အခန်းတံခါးကိုလော့ချလိုက်တယ်။

He's Mine // JakeHoonWhere stories live. Discover now