(တစ်ချို့စာလုံးတွေ uni နဲ့ရေးလို့မရလို့ဖြည့်ဖတ်ပေးပါ)
"မောင်"
"ဗျ မောင့် ယွန်းငယ်လေး ဘာလုပ်ချင်လို့လဲ"
"ငါ့ကို တစ်ယောက်ယောက်က ရေထဲကိုတွန်းချလိုက်လို့ ငါ ရေနစ်သွားတာ သိလားမောင်"
"ဟုတ်လား ယွန်းကို ဘယ်ကောင်တွန်းချတာလဲ"
"ငါ မသိဘူးမောင်"
"ကိုယ် ထွက်သွားတော့ ယွန်းဘယ်သူလဲ ရှိနေတာလဲ"
"ဂျောင်ဝန်းရယ် ဂျေးရယ် ပြီးတော့...ယူနာရယ်လေ"
"ယူနာ...သူက ယွန်းတို့နဲ့တူတူကစားနေတာလား"
"ဟင့်အင်း သူက ဂျောင်ဝန်းနဲ့ဂျေးကို ရေပတ်ပြီး ထွက်သွားတာ"
*ဒေါက်ဒေါက်ဒေါက်"
ဆောင်ဟွန်းတံခါးဖွင့်လိုက်တော့ ဂျေးနဲ့ဂျောင်ဝန်း။
"ဒီချိန်ကြီး ဘာလာလုပ်ကြတာလဲ တစ်ခုခုဖြစ်လို့လား"
ဂျောင်ဝန်းတို့က အထဲဝင်လာတယ်။
"ဂျယ်ယွန်းကို ရေထဲတွန်းချလိုက်တာ ယူနာပဲ"
"ဟင်"
ဂျေးရဲ့စကားကြောင့် ဆောင်ဟွန်းတို့ အတော်လေးလန့်သွားခဲ့ရတယ်။
"ဟုတ်တယ် ယူနာက ကျနော်နဲ့ ဂျေးဟျောင်းမျက်နှာကို ရေပက်လိုက်တော့ ကျနော်တို့က ဘာမှမမြင်ရတော့ဘူး ပြန်မြင်ရလာတော့ ဂျယ်ယွန်းကို မတွေ့တော့ပဲ ဟိုဘက် အနက်ပိုင်းမှာ ရေနစ်ရေတာကိုတွေ့ခဲ့တာ"
"ယူနာ...ယူနာ"
ဆောင်ဟွန်း ယူနာ့ နာမည်ကို ထပ်ခါထပ်ခါရွတ်ဆိုမိသည်။ သူယူနာ့ကို မုန်းသွားသည်။ ဂျယ်ယွန်းကို အခုလိုလုပ်တဲ့ ယူနာ့ကို အရမ်းမုန်းသည်။ ဆောင်ဟွန်းတစ်ယောက် သူ့အချစ်ဆုံးကို ရေနစ်အောင်လုပ်တဲ့ သူ့ အချစ်ဦးကို သေလောက်အောင်မုန်းမိသည်။
နောက်တစ်နေ့ကြတော့ ကမ်းခြေမှာတူတူကစားဖို့လူစုကြသည်။ ဂျယ်ယွန်းက နေမကောင်းသေးလို့မဆော့ပါနဲ့အုံးဆိုတာကိုတားမရ။
"ကဲ ဆရာတို့က ကလေးတို့က ဒီရေပြွတ်လေးတွေပေးမယ် ကလေးတို့က ကိုယ့်ပြိုင်ဘက်အဖွဲ့ကလူတွေကို လိုက်ပစ်ရမယ် မိသွားရင် ဒီကိုပြန်ခေါ်လာရမယ်"
![](https://img.wattpad.com/cover/365915760-288-k621106.jpg)
YOU ARE READING
He's Mine // JakeHoon
Fanfictionချစ်တတ်လွန်းသူကြီးနဲ့ မချစ်ရက်တော့သူတစ်ဦး.. ဒီသံသယာမှာတည့်တည့် ကြီးကိုတိုး...။