Part - 7

121 17 0
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းမရလို့ ဖြည့်ဖတ်ပေးပါ)

ဒီနေ့က လေ့လာရေးသွားမဲ့ရက်ဆိုတော့ ဂျယ်ယွန်းတို့အပါအဝင်အကုန်လုံးက စိတ်လှုပ်ရှားနေကြတယ်။ ဆောင်ဟွန်းတို့ကို ဒီနေ့စာမသင်ပဲ သွားမဲ့နေရာ၊ဘာလုပ်ရမယ် ဆိုတာတွေအကုန်ရှင်းပြပြီး ​ချက်ချင်းကျောင်းဆင်းပေးသည်။ ညကြမှ အထုပ်အပိုးတွေယူကာပြန်လာခဲ့ကြရသည်။

"ကဲ ကလေးတို့ လူစုံပြီလား"

everyone - "nae"

ကားလေးတစ်စီးဟာ ပျော်ရွှင်စွာနဲ့ပဲ ကမ်းခြေကို ရောက်လာခဲ့တယ်။

"ဝါးးးး လှလိုက်တာ"

ဟိုကိုရောက်တော့ နေ့လည်လောက်ဆိုတော့ ပင်ပန်းနေတာနဲ့ ထွက်မဆော့နိုင်ကြသေး နဲနဲလောက်ကြာမှ အကုန်အပြင်ထွက်လာပြီး ရေကစားကြသည်။ ညနေစောင်းခါနီးထိတောင် မတက်သေးပဲဆော့နေကြသေးသည်။ ညနေစောင်းခါနီးဆိုတော့ ပင်လယ်ရေဆွဲအားပြင်းတာကြောင့် ရေကူးကန်ကိုပြောင်းလာခဲ့ကြသည်။ ရေကူးကန်က မြေမညီပဲ ညိမ့်လျောဖြစ်​နေသည်။ ဂျယ်ယွန်းတို့ရယ် တခြားကျောင်းသားတွေရယ်တူတူ ရေကစားနေတာကို မျက်လုံးတစ်စုံက မကျေနပ်တဲ့ ပုံစံနဲ့စိုက်ကြည့်နေခဲ့တယ်။

"ယွန်း ခနလေးနော် တီချယ်ခေါ်နေလို့"

"မြန်မြန်ပြန်လာခဲ့နော်"

"ဟုတ်ပါပြီဗျာ"

ဆောင်ဟွန်းထွက်သွားပြီးသည်နှင့် ဂျယ်ယွန်းကို လက်တစ်စုံက ရေအနက်ပိုင်းဘက်ကိုစောက့်တွန်းလိုက်တယ်။ ဂျယ်ယွန်းတစ်ယောက် နေအနက်က 6ပေ ရှိတာကြောင့် ခြေထောက်လဲမမှီ ရေကလဲ သိပ်မကူးတတ်သေးတာကြောင့် ရေနစ်နေခဲ့သည်။

"ဆောင်..ဆောင်ဟွန်း ကယ်ပါအုံး!!"

"ရှင်းမ်ဂျယ်ယွန်း!!!"

"ယွန်း!!"

ဂျယ်ယွန်းအော်သံက တိခနဲ ပြတ်တောက်သွားပြီး ရေနစ်နေတာကို မြင်သွားတဲ့ ဆရာ/ဆရာမတွေရော ကျောင်းသား/ကျောင်းသူတွေက ဂျယ်ယွန်းနာမည်ကို ထခေါ်ကြသည်။အခြားကျောင်းသားတွေက 6ပေရှိတဲ့ အနက်ပိုင်းထဲကို မဆင်းရဲပဲရှိနေချိန် ဆောင်ဟွန်းတစ်ယောက်ထဲကသာ အရဲစွန့်ပြီး ရေထဲကိုခုန်ချသွားပြီး ဂျယ်ယွန်းကိုဝင်ကယ်သည်။ ​ဆောင်ဟွန်းက ရေကူးတတ်တာကြောင့် ဂျယ်ယွန်းကို အလျင်အမြန်အပေါ်ပြန်တင်လာနိုင်သည်။

"ယွန်း! ထပါအုံး"

"လုပ်ကြပါအုံး ကလေးတို့ ဆရာဝန်ခေါ်ကြ"

ဆရာမတွေရော ကျောင်းသူ ကျောင်းသားတွေပါ ရုန်းရင်းဆံခက်တွေဖြစ်ကုန်ကြပါတော့တယ်။

ဘာမှမတတ်နိုင်တော့တဲ့ အခြေအနေမို့ လူအများရှေ့မှာ ဆောင်ဟွန်းက ဂျယ်ယွန်း နှုတ်ခမ်းတွေကို စုပ်ယူပြီး ဂျယ်ယွန်းပြန်သတိရလာလောက်လုပ်ပေးသည်။ အကုန်လုံးက အံ့သြသွားပေမဲ့ ဂျယ်ယွန်း အသက်ကိုကယ်ဖို့ ဒီနည်းပဲရှိတော့တာကြောင့် ဆောင်ဟွန်းကို ဆက်လုပ်နေဖို့သာပြောကြသည်။

"အဟွတ် အဟွတ်"

နောက်ဆုံးမှာတော့ ဂျယ်ယွန်းဟာ မြန်သတိရလာခဲ့ပြီး အကုန်လုံးလဲ စိတ်အေးသွားရပါတော့တယ်။

"တော်သေးတာပေါ့ သားရယ်"

"ကျွန်မတော့ နှလုံးတောင်ရပ်ချင်သွားတယ် ဆရာမရယ်"

ဆရာမတွေတောင် အဲ့လောက်လန့်သွားရင် ဆောင်ဟွန်းဆိုဘယ်လိုနေမလဲ။ ဆောင်ဟွန်းက သတိရလာတဲ့ဂျယ်ယွန်းကိုယ်လေးကို ဆွဲဖက်ထားလိုက်တယ်။

"လန့်သွားတာပဲ ယွန်းရာ"

ဆောင်ဟွန်းက ဂျယ်ယွန်းကို ချီပြီး အခန်းထဲခေါ်သွားလိုက်တယ်။ အဝတ်အစားတွေပါသေချာလဲပေးပြီး စောင်ချုံပေးထားလိုက်တယ်။ မိုးချုပ်တော့မှာဆိုတော့ အကုန်လုံးက ကိုယ့်အခန်းကိုပြန်သွားကြတယ်။

"မောင် ငါချမ်းတယ်"

"ဟင် ယွန်းငယ် ဖျားနေပြီထင်တယ်"

ဂျယ်ယွန်းနှဖူးကိုစမ်းကြည့်တော့..။

"တော်တော်ပူနေတာပဲ"

လုပ်စရာရှိတာလုပ်ပေးပြီး ဂျယ်ယွန်းဘေးမှာဝင်လှဲလိုက်တော့ တွန်းထုတ်လာတယ်။

"မောင် ငါ့နားမကပ်နဲ့ မဟုတ်ရင် မောင်ပါ ဖျားသွားလိမ့်မယ်"

"ဖျားပါစေ မောင် ဂျယ်ယွန်းဆီက အဖျားကူးသွားမှ ယွန်းနေပြန်ကောင်းလာမှာပေါ့"

"အာရီဂူးးး ချစ်ဖို့ကောင်းလိုက်တာ"

---------------------------

ပတ်ဆောင်ဟွန်းလို ကောင်လေးတစ်ယောက်လောက်🐰💗

တိုသွားလို့ အာဘွားပေးမယ်

မွ" ><

He's Mine // JakeHoonWhere stories live. Discover now