Part-11

190 18 0
                                    

(တစ်ချို့စာလုံးတွေuniနဲ့ပေါင်းလို့မရလို့ ဖြည့်ဖတ်ပါ)

*ဒေါက်ဒေါက်ဒေါက်*

"ကျစ်! ဘယ်သူလဲကွာ"

ဆောင်ဟွန်းလဲ ဂျယ်ယွန်းနဲ့ သာယာနေချိန်မှ တံခါးလာခေါက်လို့ စိတ်တိုတိုနဲ့ သွားဖွင့်လိုက်​တော့ တံခါး လာခေါက်တဲ့လူက ယူနာဖြစ်နေတယ်။

"အိုပါးထွက်မလာလို့ ယူနာက လာကြည့်တာပါ"

"အင်း"

"အိုပါးလာခဲ့လေ တူတူဆော့ကြမယ်လေ"

"ဆော့ချင်စိတ်မရှိဘူး"

"ဒါဆို အိုပါး စိတ်ပါရင် ယူနာ့ကိုလာရှာနော် တာ့တာ အိုပါး ယူနာသွားတော့မယ်"

ဆောင်ဟွန်းက ဘာမှပြန်မပြောဘူး တံခါးကိုပိတ်လိုက်တော့ ယူနာ့ခမျာ အခန်းဝမှာ 3မိနစ်လောက်ငြိမ်သက်သွားခဲ့တယ်။ အင်းလေ ဆောင်ဟွန်းက အရင်ကဆို သူ့ကိုအဲ့လိုလုပ်ဖူးတာမှမဟုတ်တာ။

"ရှင်းမ်ဂျယ်ယွန်း...ငါနင့်ဆီကနေ ဆောင်ဟွန်းကို ရအောင်ယူပြမယ်"

ခဏလောက်ကြာတော့ ဂျေးတို့အပါအဝင် ကျောင်းသားအချို့က ဆောင်ဟွန်းတို့ကို ကစားဖို့လာခေါ်တာကြောင့်ထွက်လာခဲ့လိုက်တယ်ါ

ယူနာက ခြေထောက်ခေါက်သွားသလိုဟန်ဆောင်ပြီး ဆောင်ဟွန်း ပေါ်ကိုလှဲချလိုက်တယ်။ ဆောင်ဟွန်းက ယူနာလဲကျလာတာမြင်ပေမဲ့ သူ့ကလေးကို ထိမှာစိုးလို့ ဂျယ်ယွန်းကို ခါးကနေ ဆွဲဖက်ပြီး မထိအောင် အခြားတစ်ဖက်ကိုရွှေ့လိုက်တော့ ယူနာက သဲပြင်ပေါ်ပြု​တ်ကျသွားခဲ့တယ်။

မီးပုံထိုးထားပြီး အကုန်လုံးက အဲ့ဘေးမှာဝိုင်းပြီးထိုင်လိုက်ကြတယ်။
ပထမဆုံးအနေနဲ့ True or Dare ကစားကြတယ်။ ရေဘူးလှည့်တဲ့အချိန်မှာ ဆောင်ဟွန်းကိုကျသွားခဲ့တယ်။ ဆောင်ဟွန်း​က Dare ကိုရွေးလိုက်တော့

"ကိုယ်ဘေးက လူရဲ့နှုတ်ခမ်းကိုနမ်းရမယ်"တဲ့

ဆောင်ဟွန်းဘေးမှာ ထိုင်နေတဲ့နှစ်ယောက်က ဂျယ်ယွန်းနဲ့ ယူနာဖြစ်တယ်။ ရုတ်တရပ် ဆောင်ဟွန်းလုပ်ရပ်ကြောင့်ယူနာ့မှာ ခဏလောက်ငြိမ်သက်ခဲ့ရပြန်တယ်။

He's Mine // JakeHoonTempat cerita menjadi hidup. Temukan sekarang