Part - 9

134 16 2
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းလို့မရလို့ ဖြည့်ဖတ်ပေးပါ)

အတော်ကြာတဲ့ထိဝင်မလာတဲ့ဆောင်ဟွန်းကြောင့် ဂျယ်ယွန်း အပြင်ထွက်လာလိုက်တော့ ဆောင်ဟွန်းက ယူနာနဲ့အတူရှိနေတယ်။ ဂျယ်ယွန်းရင်ထဲဆူးခနဲ။ ဂျယ်ယွန်း အခန်းထဲပြန်ဝင်လာပြီးမကြာဘူး ဟီဆွန်းရောက်လာတယ်​။

"ဂျယ်ယွန်း ဘာလို့ငိုနေတာလဲ"

"ဟင်...ဟီဆွန်းဟျောင်း"

"ကိုယ့် ကိုပြောပြ ဘာဖြစ်လို့လဲဆိုတာ"

"ဟျောင်းကို စိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး"

"ကိစ္စမရှိပါဘူး ရင်ထဲပေါ့သွားအောင်ပြောပြလိုက် မင်းဆောင်ဟွန်းနဲ့တွဲနေတာ ကိုယ်သိထားပြီးပြီမို့ပြောပြပါ"

ဂျယ်ယွန်းအံ့သြသွားသည်။ ဟီဆွန်းနဲ့ ပြတ်တာ 2/3ပတ်လောက်ပဲရှိသေးတာကို သူနောက်ရည်းစားရနေမှန်း ဟီဆွန်းက သိနေတော့ မျက်နှာပူမိသလို အားလည်းနာသည်။ သူရင်ဖွင့်ဖို့လည်းလူလိုနေခဲ့တယ်။

"ဆောင်ဟွန်းက သူ့..သူ့ရည်းစားဟောင်းနဲ့ အတူရှိနေခဲ့တယ်"

ဂျယ်ယွန်းဘာမှတောင်ဆက်မပြောနိုင်ပဲ ငိုချမိသည်။ ဟီဆွန်းက ဂျယ်ယွန်းကိုရင်ခွင်ထဲထည့်ပြီး နွေးထွေးစွာဖက်ထားပေးသည်။

(သူများ ကိုကို ရင်ခွင်ထဲက ထွက်ပေးပါ ရှင်းမ်ဂျယ်ယွန်း)

အဲ့အချိန် ဆောင်ဟွန်းက ရုတ်တရပ်ကြီးဝင်လာတယ်။

"မောင်"

ဆောင်ဟွန်းတံခါးဝမှာတင် 4မိနစ်လောက် ငုတ်တုပ်မေ့သွားခဲ့တယ်။ ဆောင်ဟွန်း သတိပြန်ဝင်လာတဲ့အခါ ချက်ချင်းပဲ ပြန်ထွက်လာကာ တံခါးကို အားနဲ့ဆောင့်ပိတ်လိုက်သည်။

"မောင့်!"

ဂျယ်ယွန်း ဆောင်ဟွန်းနောက်ကို ပြေးလိုက်ခဲ့တယ်။ သူ့ကို တစ်ချက်မှလှည့်မကြည့်ဘဲ ထွက်သွားတဲ့ ဆောင်ဟွန်းကို အနောက်ကနေ လှမ်းဖက်လိုက်တယ်။

"မောင် ငါ့ကိုမထားသွားပါနဲ့ မောင်ထင်သလိုမဟုတ်ဘူး"

"ဘာလို့ငါထင်သလိုမဟုတ်ရမှာလဲ ငါ့မျက်စိရှေ့မှာတင်မြင်လိုက်ရတာကြီးကို ကျစ်! လွှတ်စမ်း!"

ဆောင်ဟွန်း အော်သံကြောင့် ဂျယ်ယွန်းလန့်ကာ တုန်တက်သွားပြီး လွှတ်ပေးလိုက်တယ်။ အရဲစွန့်ပြီး ဆောင်ဟွန်းလက်ကိုလှမ်းဆွဲထားမိပြန်တယ်။

"မောင် တကယ်မင်းထင်သလိုမဟုတ်ဘူး ဟီဆွန်းဟျောင်းက ငါငိုနေလို့ လာနှစ်သိပ့် ပေးတာ"

"ဘေးဖယ် ဂျယ်ယွန်း"

ဂျယ်ယွန်း မရတော့တဲ့အဆုံး ခြေဖျားထောက်ကာ ဆောင်ဟွန်းနှုတ်ခမ်းကိုနမ်းလိုက်တယ်။

"မနမ်းနဲ့"

ဂျယ်ယွန်းက ဆောင်ဟွန်းမျက်နှာကို ဆွဲပြီး အတင်းနမ်းတယ်။ ဂျယ်ယွန်းဆောင်ဟွန်း လည်ပင်းကို တင်းကျပ်စွာဖက်ထားတယ်။

"မောင် မကြိုက်ရင် ငါနောက်ခါ ဟီဆွန်းဟျောင်းနဲ့မပတ်သက်တော့ပါဘူး"

ဆောင်ဟွန်းခုနက ဆုံးဖြတ်လိုက်တဲ့ ရှင်းမ်ပိစိကို ပညာပေးမယ်ဆိုတဲ့ စကားကို ပြယ်ဖျက်လိုက်ကာ ဂျယ်ယွန်းခါးလေးကို ပြန်ဖက်ထားလိုက်သည်။

"ကိုယ့်အပေါ် သစ္စာရှိပေးမယ်မလား"

"သေချာတာပေါ့မောင်ရယ်"

ဂျယ်ယွန်းတို့အခန်းကိုပြန်လာကြပြီး အိပ်ဖို့ပြင်ကြတယ်။ ကျောပေးပြီး အိပ်နေတဲ့ဆောင်ဟွန်းပေါက်ကနေ မရ ရ အောင် လှိမ့်တက်ပြီး တခြားဘက်ကိုကူးလာကာ ဆောင်ဟွန်းရင်ခွင်ထဲခေါင်းလေးတိုးဝင်မိသည်။

"မောင် ငါမင်းကို အဆုံးရှုံးမခံနိုင်ဘူး"

"ကိုယ်လဲ အဲ့တိုင်းပဲ"

"ချစ်တယ် မောင်"

"ကိုယ်က ပိုချစ််တယ် ယွန်းငယ်"

ဂျယ်ယွန်းတို့ အချစ်ရေးမှာ လာရှုပ်မဲ့ လူက တစ်ချိန်ချိန်မှာပေါ်လာလိမ့်မယ်....။

---------------------------

တိုသွားလားဟင်

အာဘွားယူနော် 😙

He's Mine // JakeHoonWhere stories live. Discover now