Ch-126

850 102 0
                                    

အခန်း(၁၂၆) - ကပ်ဘေးတစ်ခု

ရှောင်ယွမ်ရှစ်က ခဏတာ လေးလေးနက်နက် တွေးလိုက်မိသည်။

သူက သူ့လူယုံတော်ကို ညွှန်ကြားခဲ့သည်။ “ကျန့်အာကို စောင့်ကြည့်ဖို့ လူတွေကို ဆက်ပြီး စေလွှတ်ထား၊ သူ့ဂုဏ်သိက္ခာကို ဖျက်စီးဖို့ အခွင့်အရေး ဖန်တီးတာ အကောင်းဆုံးပါပဲ။”

သူက သူ့သားဖြစ်သူအတွက် တွေးပေးဟန်ဖြင့် ပြောခဲ့သည်။ “မြို့တော်ကြီးဟာ သွေးထွက်သံယိုတွေ၊ တဖျက်ဖျက်လက်တဲ့ သံမဏီဓားမှာ သွေးစွန်းနေတာတွေ အများကြီး၊ သူ့လို ရွာသားလေးအတွက် မသင့်တော်ပါဘူး၊ သူက နန်ရှီစီရင်စုမြို့မှာ နေပြီး သူဌေးဖြစ်နေတာပဲ သင့်လျော်တယ်။"

အလုပ်ရုံ အနည်းငယ် ဖွင့်ထားတာကြောင့် ၎င်းတို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲသင့်ပြီး တော်ဝင်စာမေးပွဲများ ဝင်ရောက် မဖြေဆိုပါက ပိုကောင်းပမေည်။

သူ့ကို ကြိုးကိုင်လို့ မရပေ။ သူ့ကို နောက်ကျောကနေ ဓားနှင့် ထိုးနိုင်သည်။

အောင်မြင်မှုအတွက် ရက်စက်ကြမ်းကြုတ်ပြီး သူ့သားဖြစ်သူရဲ့ အောင်မြင်မှုလမ်းကြောင်းကို ဖြတ်တောက်ပစ်ရမည်။

သူ့လူယုံတော်က ခေါင်းညိတ်ပြလိုက်သည်။ "နားလည်ပါပြီ၊ စစ်သူကြီးက သခင်လေးအတွက် စဥ်းစားပေးနေတာပဲ။"

ရှောင်ယွမ်ရှစ်က ခဏလောက် စဉ်းစားပြီးနောက် ထပ်ပြောခဲ့သည်။ “သက်သေ မချန်ခဲ့နဲ့၊ သေသေချာချာလုပ်၊  ကျန့်အာကို ဒီအကြောင်း မသိစေနဲ့။"

သူယုံကြည်ရသည့် လက်ထောက်တွေက သူတို့ကိုယ်တိုင် မလုပ်သင့်ဘူးလို့ သူက ပြောနေတာ ဖြစ်သည်။

ထိုကိစ္စကို လုပ်ဖို့ တခြားသူရဲ့ ဓားကို ငှားရမည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရှောင်ဟန်ကျန့်က ကြီးပြင်းလာခဲ့သည်။

သူက ကောင်းကောင်း လုပ်နေပြီး ရှောင်ယွမ်ရှစ်က အလျင်စလို မပြုရဲပေ။

အစွန်းဆုံးအားဖြင့် သူ့ဂုဏ်သိက္ခာကို ဖျက်စီးပစ်လိုက်တာလောက်သာ ဖြစ်သည်။

အကယ်၍ သူသာ တော်ဝင်စာမေးပွဲကို အောင်မြင်သော်လည်း နာမည်ကောင်း မရှိပါက တော်ဝင်တရားရုံးရှိ အကြီးတန်း အရပ်ဘက် အရာရှိများ၏ အရေးပါသော ရာထူးကို ပေးအပ်ခြင်း ခံရမည်မဟုတ်ပေ။

ငါ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ ဝန်ကြီးရဲ့ ရတနာလေး ဖြစ်လာခဲ့တယ်Where stories live. Discover now