Ch-151

755 98 0
                                    

အခန်း(၁၅၁) - သူချစ်ရတဲ့လူကို အရင်ဆုံး မသန်မစွမ်းဖြစ်အောင် လုပ်ပစ်မယ်

ရှောင်ဟန်ကျန့် ပြောခဲ့သည့် ကျန်းမာရေးအကြောင်းကို ရှစ်မိသားစုရဲ့ တတိယသားနှင့် အမျိုးသမီးနျိုက သိပြီးသားဖြစ်သည်။

သူတို့ စီရင်စုမြို့ကို သွားပြတုန်းက သူမက ကလေးတွေအများကြီး ဆက်တိုက်မွေးခဲ့တာကြောင့် ကျန်းမာရေး အခြေအနေက ပိုဆိုးလာကြောင်း ပြောခဲ့သည်။ ထို့ကြောင့် နောက်နှစ်အနည်းအထိ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနေသည်။

ထို့ကြောင့်ပဲ ရှစ်မိသားစုရဲ့ တတိယသားက မသေမျိုးဘုန်းတော်ကြီးကို ကိုယ်ထင်ပြစေကာ သူ့ကို သားတစ်ယောက် ချီးမြှင့်ပေးစေချင်နေတာ ဖြစ်သည်။

အခု ရှောင်ဟန်ကျန့်က နှစ်ဝက်လောက် ဆေးသောက်ပြီးပါက ကိုယ်ဝန်ရနိုင်သည်ဟု ပြောခဲ့သည်။

သူတို့ နှစ်ယောက်လုံးက အလွန်ပျော်နေကြသည်။ "ကိုယ်ဝန်ဆောင်နိုင်မယ်ဆိုရင်ပဲ ရပါပြီ။"

သူတို့နှစ်ယောက်က ရှောင်ဟန်ကျန့်ရဲ့ ဆေးပညာကို သံသယ မရှိပေ။

မြို့တော်က အထက်တန်းလွှာတွေပင် ရှာ့ရှီရွာကိုလာပြီး ရှောင်ဟန်ကျန့်ကို လာတွေ့တာ သူတို့ မြင်ခဲ့ရသည် မဟုတ်ပါလား။

ရှောင်ဟန်ကျန့်မှာ ကောင်းမွန်သည့် ဆေးပညာစွမ်းရည် မရှိပါက သူတို့က လာရှာမည် မဟုတ်ပေ။

ရှစ်မိသားစုရဲ့ တတိယသားက ပြောခဲ့သည်။ "ဒါဆိုရင်တော့ ဆေးအညွှန်းလေး ရေးပေးဖို့ ဒုက္ခပေးပါရစေ၊ မနက်ဖြန် စီရင်စုမြို့ကိုသွားပြီး ဆေးသွားဝယ်လိုက်မယ်။"

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ သူက စာဖတ်ခန်းထဲသွားပြီး ဆေးအညွှန်းသွားရေးပြီးနောက် ရှစ်မိသားစုရဲ့ တတိယသားကို ကမ်းပေးခဲ့သည်။

ဆေးအညွှန်းရပြီးနောက် အမျိုးသမီးနျိုက ရုတ်တရက်ကြီး တစ်ခုခုကို တွေးမိခဲ့သည်။ "အို ဟုတ်သား ဝူမိသားစုရဲ့ တရားမဝင်သမီး ရှစ်မိသားစုရဲ့ စတုတ္ထသားနဲ့ လက်ထပ်ဖို့ လာတုန်းက သူ့ဘေးမှာ မကောင်းတဲ့အငွေ့အသက်ရတဲ့ မိန်းမ နောက်တစ်ယောက်ပါတယ်၊ အဲအစေခံမလေးက မြို့တော်က လာတယ်လို့ကြားခဲ့တယ်။"

ငါ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ ဝန်ကြီးရဲ့ ရတနာလေး ဖြစ်လာခဲ့တယ်Where stories live. Discover now