Ch-158

1.4K 134 6
                                    

အပိုင်း(၁၅၈) - ကိုယ်ဝန်ပျက်ကျခြင်းနှင့် အက်ကြောင်းတစ်ခု

ရှောင်သခင်မကြီးက အလွန်ဒေါသထွက်နေသည်။

သူမက ကောချွန်းရုကို အော်ခဲ့သည်။ "ခွေးမ နင်က ငါ့သားကို သတ်ချင်နေတာလား။" သူမက သူမရဲ့ မျိုးမစစ် ဒုတိယသားကိုလည်း အလွန်ဒေါသ ထွက်နေသည်။

သို့ပေမယ့် ရှောင်မိသားစုရဲ့ အနာဂတ်နှင့် ကြွယ်ဝချမ်းသာမှုတွေက အကုန်လုံး သူ့အပေါ် မူတည်နေသည်။

ကောချွန်းရုက မျက်နှာကို အုပ်ကိုင်ထားပြီး နားမလည်စွာကြည့်ခဲ့သည်။ "အမေ ဘာကိုဆိုလိုတာလဲ ကျွန်မ မသိဘူး။"

ရှောင်သခင်မကြီးက အလွန်ဒေါသထွက်နေသည်။

သူမက ကောချွန်းရုကို ပါးထပ်ရိုက်ဖို့ လက်မြှောက်ခဲ့ပေမယ့် သူမရဲ့ အစေခံက တားမြစ်ခဲ့သည်။

ဒါက စစ်သူကြီး၏ အမိန့် ဖြစ်သည်။

သူတို့သခင်မ တစ်ခုခုဖြစ်သွားရင် သူတို့ရှင်းပြလို့ရမည် မဟုတ်ပေ။

ဒီမိန်မပျက်က ကိုယ်ဝန်ရှိနေကာ သူမ သားက ထိုမိန်းမကို အလွန်တန်ဖိုးထားနေတာကိုသိတော့ ရှောင်သခင်မကြီးက အတင်းအကြပ် ဆက်မလုပ်ခဲ့ပေ။

သူမက ထပ်ပြောခဲ့သည်။ "နင့်မောင်လုပ်ခဲ့တာတွေက အခု မြို့တော် တစ်ခုလုံးကို ပြန့်နေပြီ၊ ငါ့သားရဲ့ ဂုဏ်သိက္ခာကိုတောင် ထိခိုက်စေခဲ့တယ်၊ နင်နဲ့နင့်မောင်က ဂြိုလ်ဆိုးတွေ နင့်တို့ မိဘအတွက် ကျိန်စာပဲ၊ နင့်ကို အစကတည်းက ရှောင်မိသားစုနဲ့ လက်ထပ်ခွင့် မပြုခဲ့ရမှာ။"

ထို့နောက် သူမနှင့် သူမရဲ့ ချွေးမတွေက တစ်ယောက်တစ်လှည့် ကောချွန်းရုကို ဆဲဆိုခဲ့သည်။

တစ်ချိန်တည်းမှာပဲ မြို့တော်မှာပြန့်နေသည့် သတင်းနှင့် မနေ့ကဖြစ်ပျက်ခဲ့သမျှကို ပြောပြခဲ့သည်။

ကောချွန်းရုရဲ့ မျက်နှာက ဖြူဖတ်သွားခဲ့သည်။ "မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။"

ရှောင်သခင်မကြီးက ခနဲ့ခဲ့သည်။ "အခု တစ်မြို့လုံးက ဒီအကြောင်းကိုသိနေပြီ၊ မဖြစ်နိုင်ဘူးလို့ ပြောရုံနဲ့ အခြေအနေတွေ ပြောင်းသွားမယ်လို့ ထင်နေတာလား။"

You've reached the end of published parts.

⏰ Last updated: May 08 ⏰

Add this story to your Library to get notified about new parts!

ငါ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ ဝန်ကြီးရဲ့ ရတနာလေး ဖြစ်လာခဲ့တယ်Where stories live. Discover now