Ch-154

682 87 0
                                    

အခန်း(၁၅၄) - ပွဲကြည့်ရမယ့်အချိန်

ရက်အနည်းငယ်ကြာပြီးနောက် ကောချွန်းရုက မျက်ရည်များကျဆင်းကာ ရှောင်ယွမ်ရှစ်ကို တောင်းဆိုပြီးနောက် ရှောင်ယွမ်ရှစ်က သူ့ရဲ့ အဆက်အသွယ်တွေဖြင့် မြို့တော်က အကောင်းဆုံး တော်ဝင်သမားတော်ကိုရှာပြီး ယောက်ဖဖြစ်သူရဲ့ ခြေထောက်ကို ကုသစေခဲ့သည်။

ဒါအပြင် သတင်းတွေကလည်း အထက်တန်းလွှာတွေကြားထဲမှာ ပြန့်နေသည်။

ဝေယွမ်စစ်သူကြီးက ဘုရင့်ဦးရီးတော်လို တူညီသည့် ဝါသနာရှိကာ ယောက်ဖဖြစ်သူ ကောချွန်းယီနှင့်လည်း ဆက်ဆံရေးရှိကြောင်း သတင်းတွေ ပြန့်နေသည်။

အရင်တုန်းက လူအများစုက မယုံခဲ့ပေ။

သို့ပေမယ့်လည်း ရှောင်ယွမ်ရှစ်က ယောက်ဖဖြစ်သူ ခြေထောက်ကျိုးသွားတာကြောင့် ပြေးလွှား အလုပ်ရှုပ်နေပုံကို မြင်ပြီးသည့်နောက် သံသယဝင်နေသူတွေက တဖြည်းဖြည်း ယုံကြည်လာခဲ့သည်။

ဘယ်သူက ယောက်ဖ ဖြစ်သူကို အရမ်းဂရုစိုက်ကြလို့လဲ။

ရှစ်ချင်းလျို့က ဒီသတင်းကို လျန်ယို့ရှောင်ဖြင့် တမင် ဖြန့်ခိုင်းခဲ့သည်။

ပြဿနာ ရှာချင်ပါက ဆက်စပ်နေသည့် အကြောင်းအရာကို အရင်ဖန်တီးရမည်။

သူမက ဆန်ကုန်မြေလေးအဖေကို သင်ခန်းစာပေးနေတုန်းမှာ လျန်ယို့ရှောင်၊ ရှီလွေ့နှင့် ဘုရင့်ဦးရီးတော်ကို ဒုက္ခ မရောက်စေချင်ပေ။

အကယ်၍ ရှောင်ယွမ်ရှစ်မှာ ကိုယ်ရေးကိုယ်တာ ပြဿနာရှိပြီး ကောချွန်းယီဖြင့် ဆက်ဆံရေး တချို့ရှိသည့် သတင်းထွက်ပေါ်ခဲ့ပါက အတင်းပြောသူတွေ ပိုစိတ်လှုပ်ရှားကြလိမ့်မည်။

မမှန်ကန်သည့် သတင်းကို လူတွေအပြောများလာပါက တကယ်လက်တွေ့ဖြစ်တာကို မြင်ခဲ့ရသလိုနှင့် တကယ့်သတင်းအစစ်လို ပြောင်းသွားလိမ့်မည်။

လူသွားလမ်း မရှိရင်တောင် လူတွေ အသွားများလာပါက လူသွားလမ်းတစ်ခု ပေါ်ပေါက်လာပုံနှင့် တူညီသည်။

ရှောင်ယွမ်ရှစ်နှင့် ကောချွန်းယီက ဆက်ဆံရေးရှိနေသည့် သတင်းမှာ ရှစ်ချင်းလျို့က လျန်ယို့ရှောင်ကို ဖြန့်ခိုင်းခဲ့သည့် သတင်းဖြစ်သည်။

ငါ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ ဝန်ကြီးရဲ့ ရတနာလေး ဖြစ်လာခဲ့တယ်Where stories live. Discover now