Ch-150

707 101 0
                                    

အပိုင်း(၁၅၀) - ခန့်မှန်း မရပေ

ကောချွန်းရုရဲ့ စကားက ကောချွန်းယီကို ကြက်သေသေသွားစေခဲ့သည်။

သူက မြန်မြန်ဆန်ဆန်ပဲ အသိစိတ်ပြန်ကပ်ကာ မေးခဲ့သည်။ "ရှီလွေ့ကိုနှောင့်ယှက်တဲ့ မိန်းမကို စီစဥ်ခဲ့တာ အစ်မလား။"

ရှီလွေ့၏ ဂုဏ်သတင်းက မကောင်းရာကနေ ပို၍ဆိုးရွားသွားပြီဖြစ်သည်။

သူ့မှာ အိမ်ထောင်မပြုရသေးခင် ကလေးတစ်ယောက်ရှိနေပြီဖြစ်သည်။

အနာဂတ်မှာ ကောင်းမွန်သည့်မိသားစု သို့မဟုတ် အာဏာကြီးမိသားစုတွေက သူတို့သမီးကို သူနှင့် လက်ထပ်ခွင့်ပေးတော့မည် မဟုတ်ပေ။

ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်က ဒီကိစ္စက နားလည်မှုလွဲတာဖြစ်ကြောင်း ပြောခဲ့သော်လည်း လူအနည်းစုကသာ ယုံခဲ့သည်။

ကောချွန်းယီက အရင်က ရှီလွေ့ရဲ့ ကံဆိုးမှုကို လှောင်ရယ်ခဲ့ပေမယ့် သူ့အစ်မက ကြိုးကိုင်သူဆိုတာကိုတော့ သူ မတွေးမိခဲ့ပေ။

သူ ငယ်ငယ်ကတည်းက အနိုင်ကျင့်ခံရတိုင်း ထိုလူတွေရဲ့ အဆုံးသတ်က မကောင်းခဲ့ပေ။

ဒီကိစ္စတွေရဲ့ နောက်ကွယ်က လူက သူ့အစ်မပဲဆိုတာ မမေးဘဲနဲ့ သူသိသည်။

သူ့အစ်မက အကြင်နာမဲ့လွန်းသည်ဟု သူ မထင်ပေ။ ထိုအစား သူ့အစ်မက ကောင်းသည့် ကိစ္စလုပ်ခဲ့သည်ဟုသာ သူတွေးသည်။

သူက စိုးရိမ်စွာ မေးခဲ့သည်။ "အစ်မ စစ်သူကြီးရှောင် ဒီကိစ္စကို သိလား။"

ရှီလွေ့ရဲ့ မိသားစုနောက်ခံကသိပ်ကြီးကာ သူ့အစ်မက သူ့အတွက်ကြောင့်နဲ့ ရှီလွေ့ကို အကောက်ကြံခဲ့သည်။

တကယ်လို့ စစ်သူကြီးရှောင်သာ ဒီကိစ္စကို သိသွားပါက သူစိတ်တိုလိမ့်မည်။

ကောချွန်းရုက ပြုံးခဲ့သည်။ "သေချာပေါက် မသိဘူးပေါ့။"

ရှီလွေ့သာ သူ့မောင်လေးရဲ့ လက်ကိုချိုးပြီး စုတ်တံနှင့် လက်နက်ကိုင်လို့ မရအောင် မလုပ်ခဲ့ပါက သူမလည်း ဒီလို လက်စားချေမည် မဟုတ်ပေ။

"ရှီမိသားစု ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ။" ရှီမိသားစုသာ ရှာတွေ့သွားပါက သူတို့ မလွယ်ပေ။

ငါ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ ဝန်ကြီးရဲ့ ရတနာလေး ဖြစ်လာခဲ့တယ်Where stories live. Discover now