Ch-149

869 98 1
                                    

အပိုင်း(၁၄၉) - မိတ်ဆွေဖွဲ့ အကျွမ်းဝင်မှု အောင်မြင်ခြင်း

ရှီလွေ့ဒေါသ ထွက်နေတာတွေ့တော့ လျန့်ယိုရှောင်က မေးခဲ့သည်။ "ဆိုတော့ မင်းက လက်စားမချေတော့ဘူးလား။"

ရှီလွေ့က နှာမှုတ်ခဲ့သည်။ "ဘာလို့ မလုပ်ရမှာလဲ၊ ငါ့ကို အကောက်ကြံဖို့ သိပ်လွယ်တယ်လို့ ထင်နေတာလား၊ နည်းလမ်းမရှိလို့သာ ဒီတိုင်းနေ နေတာကွ။"

သူ့လက်တွေကို အကြောလျှော့ခဲ့သည်။ "ငါလုပ်ချင်ရင် ရှင်းအောင် လုပ်လို့ ငါ့အဖေကပြောတယ်၊ အပေါ်ယံပဲ ထိမယ်ဆိုရင်တော့ ပြဿနာမရှာနဲ့တဲ့။"

"ကြားရတာ ဒေါသထွက်လိုက်တာကွာ။"

လျန့်ယိုရှောင်က မြေပဲကို ပါးစပ်ထဲပစ်ထည့်ပြီး မေးခဲ့သည်။ "ရင်ဖိုပြီး ပျော်ဖို့ကောင်းတာလေးလုပ်ဖို့ စိတ်ဝင်စားလား။"

ရှီလွေ့က မျက်ခုံးပင့်ခဲ့သည်။ "ဘယ်လို ပျော်ဖို့ကောင်းတာလဲ။"

လျန့်ယိုရှောင်က ရှီလွေ့ကို အနားတိုးလာဖို့ လက်ပြလိုက်သည်။ "မြို့တော်က လူတွေကို ရှောင်ယွမ်ရှစ်ရဲ့ ပွဲကြီးပွဲကောင်း ကြည့်ခိုင်းရအောင်။"

ထို့နောက် သူက ရှစ်ချင်းလျို့ရဲ့ အကြံတွေကို သူ့ကို ပြန်ပြောပြခဲ့သည်။

ရှီလွေ့ရဲ့ မျက်လုံးတွေက လက်သွားခဲ့သည်။ "ညီကိုရေ မင်းရဲ့အကြံတွေက တော်တော်ရက်စက်တာပဲ၊ ငါကြိုက်တယ်။"

ဒါတွေက သူ့အကြံမဟုတ်ဘဲ ရက်စက်သည့်လူက သူ မဟုတ်ကြောင်း လျန့်ယိုရှောင်က ပြောချင်နေသည်။

ရှီလွေ့က မတုံးအပေ။ "မင်းနဲ့ရှောင်ယွမ်ရှစ် ငြိထားလို့လား။"

မဟုတ်ပါက ဒီလူက  ရှောင်မိသားစုအကြောင်း ပြောမည်နည်း။

ဒါ့အပြင် အချိန်တိုအတောအတွင်း ဒီလိုကောက်ကျစ်သည့် အကြံလည်း ထွက်နိုင်စရာ မရှိပေ။

လျန့်ယိုရှောင်က ရယ်ခဲ့သည်။ "ငါ့မှာ ရှောင်ယွမ်ရှစ်နဲ့ ဘာရန်ငြိုးမှမရှိပေမယ့် ငါ့မိတ်ဆွေကတော့ ရှောင်ယွမ်ရှစ်တို့ လင်မယားနဲ့ ရန်ငြိုးရှိနေတယ်၊ အဲအမျိုးသမီးကပဲ အကြံပေးတာ။"

ငါ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ ဝန်ကြီးရဲ့ ရတနာလေး ဖြစ်လာခဲ့တယ်Opowieści tętniące życiem. Odkryj je teraz