Ch-153

694 88 0
                                    

အပိုင်း(၁၅၃) - ကစားပွဲမှ အဖြူ၊ အမည်းအား ပြောင်းပြန်လှန်ခြင်း

ရှီလွေ့နှင့် ဘုရင့်ဦးရီးတော်က သီးသန့်ခန်းထဲမှာ သောက်နေကြသည်။

ဘုရင့်ဦးရီးတော်က ရှီလွေ့ကို သူ့ဝါသနာတွေ ဆက်မျှဝေနေခဲ့သည်။

ရှီလွေ့က စိတ်ဝင်တစား နားထောင်ဟန် ပြုမူနေပေမယ့် တကယ်တန်းကျ မျက်လုံးလည်ပြလိုက်ချင်နေပြီဖြစ်သည်။

ရှီလွေ့က နှုတ်ခမ်းတွန့်ကာ ပြောခဲ့သည်။ "ဒီလူတွေ အကုန်လုံးက မိန်းမလျာတွေပဲ။"

ဘုရင့်ဦးရီးတော်က မျက်ခုံးပင့်ခဲ့သည်။ "မင်းက အမွေးတောင်စုံအောင် မပေါက်သေးဘူး၊ ဘာလို့ သူတို့ကို မိန်းမလျာလို့ ခေါ်တာလဲ။"

ရှီလွေ့က အစကတည်းက ရှောင်ယွမ်ရှစ်အကြောင်း တည့်မပြောခဲ့ပေ။

ထိုအစား သူက တော်ဝင်အစောင့်တွေကို ချီးကျူးခဲ့သည်။

ဒီလူတွေ အကုန်လုံးက အောင်မြင်ကျော်ကြားသည့် မိသားစုတွေက ဆင်းသက်လာကြတာဖြစ်သည်။

သူက သူတို့ကို သိပြီး သူတို့နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်။

ထို့ကြောင့် ဒီသတင်းတွေ ပြန့်သွားရင်တောင် သူတို့က ဟာသ တစ်ခုလို ပြုမူကြလိမ့်မည်။

ဘုရင့်ရဲ့ ဦးရီးတော်က ရယ်ခဲ့သည်။ "ဒါဆိုရင်တော့ မင်းသူတို့ကို မြန်မြန် စာရင်းဖော်ထုတ်သင့်တယ်၊ ငါကတော့ သူတို့နဲ့ ပတ်သက်ပြီး သတင်းတွေ ဘာတွေ မကြားဖူးပါဘူးကွာ။"

သူက ကောင်းကင်ကို ညွှန်ပြကာ ပြောခဲ့သည်။ "ပြီးတော့ မင်း နန်းတွင်းအစောင့်တပ်သားတွေကို ထိရဲရင် မင်းရဲ့ ဦးလေးအနေနဲ့ ငါက မင်းကို ခွင့်မလွှတ်ဘူးနော်။"

မိဖုရားကြီးက ရှီသခင်ကြီးရဲ့ ညီမ ဖြစ်တာကြောင့် ဘုရင်ကြီးက ရှီလွေ့ရဲ့ ဦးရီးတော် ဖြစ်သည်။

ဒီကောင်လေးက နှုတ်ချိုကာ မိဖုရားကြီးကို ချော့မြူနိုင်ရုံသာမက ဘုရင်ကြီးကိုလည်း ပျော်အောင်ထားတတ်သည်။

မဟုတ်ပါက ဘုရင့်သမီးတော်ရဲ့ ဆံပင်ကို တခြားလူသာ မီးရှို့ခဲ့ပါက ထိုလူက အပြစ်ပေးခံနေရပြီဖြစ်ပေမယ့် ဒီကောင်လေးကတော့ အကောင်းတိုင်း ရှိနေဆဲ ဖြစ်သည်။

ငါ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ ဝန်ကြီးရဲ့ ရတနာလေး ဖြစ်လာခဲ့တယ်Where stories live. Discover now