အခန်း ၄၀၁ ။ စီမံထိန်းသိမ်းသူကို နှိုးခြင်း

175 34 0
                                    

အခန်း ၄၀၁ ။ စီမံထိန်းသိမ်းသူကို နှိုးခြင်း

"ဟမ့် နင်တို့ အခုထွက်သွားတာကြောင့် နင်တို့ကို ငါလွှတ်ပေးလိုက်ပြီမထင်နဲ့ အနှေးနဲ့အမြန် နင်တို့ကို ငါ ဖြေရှင်းမှာ" ရှန်းကျင်းက သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ ကူယွဲ့နဲ့ ယှဥ်ရင် သူ့ညီမလေးကို ခေါ်သွားတဲ့ဒီခွေးကောင်ကို ပိုတောင်မုန်းတယ်။ သူမ မျက်နှာပြင်ကို အတင်းအကြပ်ဖွင့်ဖို့ဆန္ဒကို မျိုသိပ်လိုက်ရပြီး ဘေးကလူကိုတစ်ချက်ကြည့်ကာ အောရှရှအသံနဲ့ပြောလိုက်တယ်။

"ရင်လေးရဲ့ အခုအခြေအနေက သုံးစွဲမှုလွန်ကဲလို့ဖြစ်တာ၊ အဲ့ဒါကြောင့်သူ့အခြေအနေက မြုံနေတဲ့ကာလအတွင်းကို ရောက်နေတာပဲ၊ ငါတို့တွေ သူ့ခန္ဓာကိုယ် အလိုလို ကောင်းလာတာကိုပဲစောင့်လို့ရမယ်"

"ဒါဆို ဘယ်ချိန်ပြန်ကောင်းလာမှာလဲ" ကူယွဲ့စိတ်ပူပန်စွာမေးလိုက်တယ်။

"မသိဘူး..." ရှန်းကျင်း မျက်မှောင်ကြုတ်လိုက်တယ်။

"သူ စီမံထိန်းသိမ်းသူဖြစ်လာတည်းက နင်တို့မျက်နှာပြင်မှာ ဖြစ်တာတွေအားလုံး သူ့အပေါ် သက်ရောက်မှာ၊ ဆိုလိုတာကမျက်နှာပြင်က သူမဖြစ်ပြီး သူမက အဲ့ဒီ မျက်နှာပြင်ပဲ၊ ကံကောင်းတာက မျက်နှာပြင် တည်ငြိမ်တာမလို့ လောလောဆယ် ဘာမှပြင်းပြင်းထန်ထန်ဖြစ်ဦးမှာ မဟုတ်ဘူးလို့ သက်သေပြနေတယ်၊ သူမပြန်ကောင်းဖို့ အချိန်ပဲ လိုတာ၊ မျက်နှာပြင်တွေကြားမှာ ကြီးမားတဲ့ကွာခြားချက်တွေ ရှိတယ်၊ ငါကအဲ့ဒီမှာမဟုတ်တော့ နင်တို့ရဲ့ အချက်အလက်တွေကို စစ်ဆေးလို့မရတာမလို့ ဟိုအချိန်အတိအကျကို တွက်ချက်လို့မရဘူး"

"ဆိုလိုတာက... ရှန်းရင်ကဒီလိုပုံစံမျိုး ဆက်ဖြစ်နေလောက်တယ်လား"

"... ဖြစ်နိုင်တယ်"

ယိချင်းလက်တွေပိုတောင်တုန်ရီသွားပြီး အတော်ကြာတော့ကြည့်လာကာ မေးတယ်။

"သူမသုံးစွဲမိလိုက်တဲ့ စွမ်းအင်အတိအကျက ဘာများလဲ"

"ဒါက ပြောဖို့ခက်တယ်၊ ပြောရရင်အစတည်းကစွမ်းအင်ဆိုတာမျက်နှာပြင်တစ်ခုတည်းမှာ မတူညီတဲ့ပုံစံတစ်ခုနဲ့ ရှိနေတာ၊ သူမနောက်တစ်ခေါက် ပြန်လာတုန်းက ဗိုက်ဆာတာက စွမ်းအင်ဆုံးရှုံးတဲ့အသွင်မျိုးပဲ၊ ဒါပေမဲ့ အတိတ်တုန်းက ဆုံးရှုံးတာက သုံးစွဲထားတဲ့စွမ်းအင်တွေကို အစားအသောက်ကတစ်ဆင့် ပြန်ဖြည့်တင်းနိုင်တယ်၊ ဒါပေမဲ့ ဒီတစ်ခါသုံးစွဲမှုက သိသိသာသာ လေးနက်လို့ အချိန်တိုအတွင်း ပြန်မကောင်းလာနိုင်တာ၊ အဲဒါကြောင့် အေးစက်သွားတာပဲ"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 3)Where stories live. Discover now