အခန်း ၄၁၁ ။ အနီနှင့်အဖြူ ယှဉ်တွဲခြင်း

120 25 0
                                    

အခန်း ၄၁၁ ။ အနီနှင့်အဖြူ ယှဉ်တွဲခြင်း

တိုင်းပြည်ဧကရာဇ်တွေအားလုံးက ဝူတိကောင်းကင်နန်း‌တော်ရဲ့ ဒီရုတ်တရက် ထူးခြားတဲ့ရွှေ့ကွက်ကြောင့် ထိတ်လန့်ကုန်ကြတယ်။ သူတို့တွေ ပင်မခုံမှာထိုင်နေတဲ့လူက်ု အူကြောင်ကြောင် ကြည့်ကာ ဘယ်သူမှ တစ်ခဏတာ မတုံ့ပြန်နိုင်ကြဘူး။ သူတို့တွေ ကူယွဲ့ လူတိုင်းကို ယဉ်ကျေးမှုအရ တကူးတကကြီး လောကွတ်မချော်ဖို့ ပြောနေတာရော ‌တရားဝင်ကြေညာချက်ရှည်ကြီးတွေရော မကြားတော့ဘူး။ သူတို့တွေ ဂါရ၀ပြုတဲ့ အနေအထားအတိုင်း အချိန်အတော်ကြာ ရပ်နေကြတယ်။

သူတို့တွေ ဘယ်ညာမှာထိုင်နေတဲ့ လန်ဟွားနဲ့ ယိချင်းရယ် ပင်မခုံမှာ ထိုင်နေတဲ့သူကို ကြည့်လိုက်တယ်။ အကြည့်ချင်းဖလှယ်ရင်း မေးမို့ရှိသေး သူတို့ပတ်ဝန်းကျင်က မသေမျိုးချီက ရုတ်တရက် စတင်ထူထဲလာတယ်။

"အမတရေပန်း ပေါ်လာတော့မယ်" တစ်ယောက်က ထရေရွတ်တယ်။ လူတိုင်း ပင်မခုံမှာထိုင်နေတဲ့ အမျိုးသမီးအကြောင်းမေးဖို့ ချက်ချင်း မေ့သွားကာ နေရာအလယ်ကို မျှော်လင့်မှုအပြည့်နဲ့ လှည့်ကြည့်လိုက်ကြတယ်။ နဂိုက အလယ်မှာရပ်နေတဲ့ အဲဒီအမတတွေတောင် နောက်ကို အမြန်ဆုတ်ကုန်ကြတယ်။

လူအုပ်အလယ်မှာ နေရာလွတ်တစ်ခု ချက်ချင်း ပေါ်လာတယ်။ ပတ်ဝန်းကျင်က မသေမျိုးချီက ထူထဲသထက်ထူထဲလာကာ တစ်ခုခုဆွဲဆောင်ခံလိုက်ရသလိုမျိုး အလယ်ဆီအသည်းအသန် စုဝေးလာကြတယ်။ ချက်ချင်း ရင်ပြင်အလယ်မှာ ဖြူဖွေးမြူခိုးဆန်တဲ့ မသေမျိုးချီတွေ ဖုံးကွယ်လာတာကြောင့် ထိတွေ့လို့ရတဲ့အရာအဖြစ်ပြောင်းလဲဖို့ တိမ်းညွှတ်မှုကို ပြသနေတယ်။ မသေမျိုးချီတွေက ပိုပိုပြီး စုဝေးလာကြတယ်။ ရုတ်တရက် အဖြူရောင်အလင်းတစ်ခုက အလယ်မှာ တောက်ပသွားကာ ထူထဲတဲ့မသေမျိုးချီကြား လျှပ်စီးလိုဖြတ်သန်းလာတယ်။

ဟမ်။

လုံးဝအေးစက်တဲ့အမူအရာနဲ့ ပင်မထိုင်ခုံပေါ် ထိုင်နေတဲ့ ရှန်းရင်က ရုတ်တရက် အလယ်ဆီ ခေါင်းလှည့်ကာ တွေးတွေးဆဆ မျက်မှောင်ကြုတ်လေတယ်။ အဲဒါ...။

အဖြူရောင်အလင်းက တစ်ခဏတာ တောက်ပသွားကာ နောက်တစ်ကြိမ် ပြန်ငြိမ်ကျသွားတယ်။ လျှပ်စီးအလင်းလိုမျိုးပဲ။ နောက်အခိုက်အတန့်မှာ ရေစီးသံတွေထွက်လာတယ်။ ထူထဲတဲ့ မသေမျိုးချီက နောက်ဆုံးတော့ ရေစက်လေးတွေအဖြစ် သိပ်သည်းသွားကာ ရေဝဲပုံစံအလယ်မှာ တဖြည်းဖြည်း စုဝေးလာတယ်။ ပတ်ပတ်လည်က မြူခိုးလို မသေမျိုးချီလည်း တဖြည်းဖြည်း ပျောက်ကွယ်လာတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 3)Where stories live. Discover now