အခန်း ၄၀၆ ။ ထူးဆန်းသောတပည့်

141 30 0
                                    

အခန်း ၄၀၆ ။ ထူးဆန်းသောတပည့်

အစ်မပြောတာတော့ မျက်နှာပြင်ကိစ္စတွေက မှားလို့မဖြစ်ဘူး၊ မဟုတ်ရင် မဖြေရှင်းနိုင်တဲ့အကျိုးဆက်တွေ ရှိလိမ့်မယ်တဲ့။ ဒါကြောင့် နမော်နမဲ့မနိုင်ပဲ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း လုပ်ရတယ်။ သူတို့ရဲ့ ဗဟုသုတတွေကလည်း လက်ဝယ်အဆင်သင့်ဖြစ်နေမှ  ကိစ္စတစ်ရပ်လုံးကို တစ်ချက်ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်းသိနိုင်မယ်။

ရှန်းရင်ဆယ်စုနှစ်ကျော် ကြိုးစားအလုပ်လုပ်ခဲ့ပြီး နောက်ဆုံးတော့ အောင်မြင်သွားတယ်။ သူမအစ်မရဲ့ လေ့ကျင့်ရေးအားလုံးကို ပြီးမြောက်သွားခဲ့ပြီ။ ဘယ်မျက်နှာပြင် ဘေးဒုက္ခမဆို ဖြေရှင်းနိုင်ပြီ။ သူမဘာသာ အချိန်အတော်ကြာ လေ့ကျင့်မှုက သူမကို အရာအားလုံး သင်ကြားပေးခဲ့တယ် တစ်ခုကလွဲလို့ပေါ့...။ တခြားသူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာပဲ။

အစ်မပြောတာတော့ ကျူးကျော်သူတွေနဲ့ ဖြေရှင်းတဲ့အချိန်ကျရင် ဆောင်းရာသီလို အေးစက်ပြီး ညှာတာမှု ကင်းမဲ့ရမယ်တဲ့။ ဒါပေမဲ့ ကျူးကျော်သူ မဟုတ်ရင်ရော သူမဘာလုပ်ရမလဲ။

ဘာ... ဘာလုပ်သင့်လဲ။

(⁠☉_☉⁠)

ဟင့်အင်း သွေးမပျက်နဲ့ သူမကမျက်နှာပြင်လက်ထောက် ဘယ်လိုလုပ်ရမလဲမသိပေမဲ့ သူမ သင်ယူနိုင်တာပဲ၊ သူမမှာရှိတဲ့ တစ်ဦးတည်းသော အတုယူစရာက...။

သူမသာ အစ်မကြီးလိုလုပ်ရင် အားလုံးအဆင်ပြေသွားမှာပါ။ အင်း သေချာပေါက်အဲ့လိုဖြစ်လိမ့်မယ်။

အဲဒါကြောင့်မလို့ ရှန်းကျင်းအချိန်အတော်အကြာမှ နားလည်ခဲ့ရတာက သူမရဲ့ နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ညီမလေးက ရုတ်တရက် အေးစက်သွားတယ်ဆိုတာပဲ။ ပြန်ပြင်လို့မရတဲ့ပုံစံမျိုး။

"ဆရာ" တံခါးခေါက်သံတချို့က ရုတ်တရက်ထွက်လာပြီး အခန်းဝမှာ စက်ဝိုင်းတွေ ဆွဲနေတဲ့ တစ်ယောက်သောသူကို နိုးသွားစေတယ်။

ရှန်းရင်က တောင့်တင်းသွားပြီး အလင်းလိုအရှိန်မျိုးနဲ့ အခန်းထောင့်က ကုလားထိုင်မှာ ပြန်ထိုင်ချကာ မျက်နှာပြင်အမူအရာက ရေခဲသေတ္တာအပူချိန်လောက် ကျဆင်းသွားတာများ စောနက သွေးပျက်နေမှု၊ မကျေချမ်းမှု၊ ထူးဆန်းမှုတွေအကုန်လုံးက ပုံရိပ်ယောင်ဖြစ်သွားသလိုပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 3)Where stories live. Discover now