အခန်း ၄၂၁ ။ ကျူးကျော်မှု

96 19 0
                                    

အခန်း ၄၂၁ ။ ကျူးကျော်မှု

"မင်းတို့ဘာတွေပြောနေတာလဲ"

သွေးသံရဲရဲဖြစ်နေတဲ့ 'ကူယွဲ့' က ရုန်းကန်ရင်း ချဉ်းကပ်လာတဲ့နှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်တယ်။

"မင်းတို့ ဘာလို့ဒီလိုလုပ်တာလဲ"

"နင်မပြောလည်း ကိစ္စမရှိဘူး" ရှန်းရင်အကြည့်က မည်းနက်သွားတယ်။

"တရားမဝင်တဲ့ကျူးကျော်မှုတွေက ဖျက်သိမ်းခံရမှာပဲ၊ ဒါမှမဟုတ် ငါ့လက်ထောက်ကိုတောင် မမှတ်မိလောက်အောင် ငါက တုံးလွန်းမယ်ထင်နေတာလား"

အဲလူက မှင်တက်သွားပြီး အရင်နာကျင်နေတဲ့အကြည့်က ချက်ချင်းပြောင်းလဲသွားတယ်။ သူ့ပါးစပ်က ရုတ်တရက် ကျယ်လာပြီး သွေးတွေ ရွှဲနေတဲ့ သွားတွေနဲ့ အရမ်းကြက်သီးထဖို့ကောင်းတဲ့ အပြုံးကို ပြသလာတယ်။ သူ့မျက်နှာတစ်ပြင်လုံး တွန့်ရှုပ်လာလေရဲ့။ သူက ဖေဖေနျိုနဲ့ လုံးဝခြားနားတဲ့ စူးရှရှ အသံနဲ့ပြောတယ်။

"တွေ့ပြီ စီမံထိန်းသိမ်းသူကို…"

နောက်တခဏမှာ သူ့တစ်ကိုယ်လုံး တောက်ပလာပြီး သူ့ကိုယ်က ပူဖောင်းတစ်ခုလို ဖောင်းကားလာတယ်။ မျက်စိကျိန်းစရာ အဖြူရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်က ထွက်ပေါ်လာလေတယ်။ ရှန်းရင် ရင်ထိတ်သွားတယ်။ "စားဖိုမှူး"

ယိချင်းက တုံ့ဆိုင်းမနေဘူး။ သူ့လက်ထဲက ဓားဂါထာက အဲလူဆီ တန်းတန်းမတ်မတ်သွားလေတယ်။ ဓားမိုးတစ်လှိုင်း ရွချလာပြီး သူ့အရှိန်အဝါကို လုံးဝထိန်းချုပ်ကာ ပေါက်ကွဲထွက်သွားတယ်။ အဖြူရောင်အလင်းက နောက်ဆုံးတော့ ရပ်သွားခဲ့တယ်။ ဓားအင်းကွက်ထဲက ဖေဖေနျိုနဲ့ဆင်တဲ့ ပုံသဏ္ဌာန်က ပျောက်ကွယ်သွားပြီး အကြည်ရောင်ရေခဲသလင်းခဲလေးတွေပဲ ကျန်ခဲ့ကာ လေတစ်ဝှေ့နဲ့အတူ ပါသွားလေတယ်။

"မရှိတော့ဘူး..." ယိချင်း မျက်မှောင်ကြုတ်ကာ သူ့ကောင်းကင်စိတ်အာရုံနဲ့စစ်ဆေးလိုက်တယ်။ အထဲမှာ အရှိန်အဝါရှိမနေတော့ဘူး။ သူ ဓားအင်းကွက်ကို လွှတ်လိုက်တယ်။ အနီရောင်သွေးအိုင်ပဲ မြေကြီးပေါ်ကျန်ခဲ့တယ်။ သူ့နှလုံးသား စိုးထိတ်သွားတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 3)Where stories live. Discover now